၂၄

9/4/15

ကွန်ပျူတာ အတွ လို့ အပ်တဲ့ ဆောဝဲ့

မင်္ဂလာပါ
ကွန်ပျူတာ အတွ လို့ အပ်တဲ့
ဆောဝဲ့ ပေါင်စုံ ကို စုထာပေးတာပါ
ကွန်ပျူတာ သုံသူတိုင်
ဒိလင့်လေးကို သိမ်းထားသင်ပါတယ်


ဒိမှာပါနိုတ်

8/31/15

မြန်မာရုပ်ရှင်းကာ၁၂၀၀ကိုဒိမှာ ကြည်ပါ

 


Latest Myanmar Movies


အချစ်ဟုအဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ
ခန့်စည်သူ ကျော်သူ မေသန်းနု မျိုးသန္တာထွန်း

နှောင်းချစ်ဝေ့လယ်
ပြေတီဦး မင်းဦး စိုးမြတ်သူဇာ ချစ်သုဝေ

ဂန္တဝင်ရင်ခွင်
ကျော်ရဲအောင် နေမင်း စိုးမြတ်သူဇာ

မေ့မရနိုင်အောင်မုန်း၍
မုန်းမရနိုင်အောင်ချစ်သည်

နေတိုး အိချောပို

ဂျပ်ဆင်ထပ်ကအချစ်နတ်သား
မြင့်မြတ် အိန္ဒြာကျော်ဇင်

ရစ်ပတ်နှောင်တွယ်
ပြေတီဦး မိုးဟေကို






ကြည်ပါရန်အာလုံး





8/18/15

ခပ်ညံ့ညံ့ Blogger တစ်ယောက်

မင်္ဂလာပါ


ရင် နာ လိုက် တာ
💧💧💧💧💧💧

အိုမင်းမစွမ်းတော့လို့  သားသမီးကိုမှီခိုရ
တဲ့အချိန်ကျမှ ငါ့တို့ ကိုငြိုငြင်နေကြပြီပေါ့
မိဘတိုင်းသားသမီးကို မကောင်းဘူး
တဲ့လား

ကိုးလလွယ်ဆယ်လဖွား စောင့်ရှောက်ခဲ့
ရတဲ့ဒုက္ခတွေကို ဘယ်လိုပင်ပမ်းစွာဖြတ်
သန်းခဲ့ရတယ်ဆိုတာ မင်းတို့ လေးတွေ
နားမလည်နိုင်ပါဘူးလေ

မင်းတို့ ပညာတတ်ကြီးတွေဖြစ်အောင်
သင်ပေးခဲ့ရတဲ့ပညာတွေ
ငယ်ငယ်ကအမှားပေါင်းများစွာကျုးလွန်
ခဲ့လို့ အမှန်ကိုပြင်ပေးသင်ပေးခဲ့ရတာတွေ
အများကြီးပါ ငါတို့ အသက်ကြီးလို့ 
မှားယွင်းခဲ့တဲ့အခါကျတော့မှ ငါတို့ ကို
ပြင်ပေးဖို့ မစဉ်းစားပဲ အပြစ်ပြောကြပြီပေါ့

နိုချိုတိုက်ကျွေး ထမင်းဝါးကျွေး မစင်သုတ်
ပေးခဲ့ရတာတွေဟာ မရေမတွက်နိုင်
လောက်အောင်ပါပဲ ငါတို့ ကို တကြိမ်တခါ
တောင်ပြန်ပြီး ပြုစုခဲ့ပေးဘူးလား

ငါတို့ မိဘတွေဆိုတာကလည်း ပုထုစဉ်
တွေပါ အမှားမကင်းနိုင်ကြပါဘူး မင်းတို့ 
ကိုသင်ပေးခဲ့တဲ့ပညာတွေနဲ့ ငါတို့ ရဲ့အမှား
တွေကို ပြင်မပေးနိုင်ဘူးလား

မင်းတို့ စားနေတဲ့ ထမင်းတလုတ်
မင်းတို့ ရှူ နေတဲ့ အသက်တရှူ ဟာ
ငါတို့ ကျေးဇူးနဲ့ ကင်းတယ်လို့ မင်းတို့ တွေ
ထင်နေလား မင်းတို့ တွေ ကောင်းမှူ့ 
ကုသိုလ်ပြု လုပ်နိုင်ကြတာဟာ
ဘယ်သူ့ ကြောင့်လဲလို့  တခါလောက်များ
စဉ်းစားမိကြရဲ့လား

သားသမီးတွေကို သတ်တဲ့မိဘတွေ
တောင်ရှိကောင်းရှိကြပါလိမ့်မယ် အဲဒါ
တွေဟာ မောဟနဲ့ ဒေါသပေါင်းစပ်ပြီး
ဖြစ်သွားတဲ့အကြောင်းတရားတွေပါ
မင်းတို့ ကိုမုန်းတီးလို့ ရည်ရွယ်ပြီးသတ်
တာမဟုတ်ဘူးဆိုတာ ယုံကြည်လိုက်ပါ

မင်းတို့ လောက်အမြင်မကျယ်ခဲ့တာ
မင်းတို့ လောက်ပညာမတတ်ခဲ့တာဟာ
မင်းတို့ ကိုအမြင်ကျယ်အောင် ပညာတတ်
အောင် ပြု စုပျိုးထောင်နေရလို့ ငါတို့ 
အတွက်အချိန်ပိုမရှိလို့ ပါ


မင်းတို့ ကိုပြု စုလုပ်ကျွေးခဲ့တဲ့အချိန်တွေ
တုန်းက မင်းတို့ ကို လုပ်ကျွေးရလို့ 
မင်းတို့ အတွက်ပေးဆပ်ရလို့ ငါတို့ ရဲ့
ညည်းသံတွေကို ဘယ်နှစ်ခါများ
ကြားဘူးကြလဲ

မင်းတို့ အလှည့်ကျမှ
အမေတို့ အဖေတို့ ကလည်း တဲ့လား
အေးအေးဆေးဆေးမနေနိုင်ဘူးတဲ့လား
မှားရင်တော့ ပြောရမှာပဲတဲ့လား

နေရာတကာပါတယ်
ပစိပစပ်နိုင်တယ် တဲ့လား
ရှိပါစေတော့လေ------------------

ငါတို့ က မင်းတို့ ကို
မှီခိုနေရမှတော့
မင်းတို့ လက်ခုပ်ထဲက ရေပဲပေါ့

မင်းတို့ ငယ်ငယ်က
ငါတို့ မိဘအိမ်ပဲ နေချင်သလိုနေမယ်
စားချင်သလိုစားမယ်ဆိုပြီး
အားမနာတမ်းစားခဲ့ပေမဲ့
အားမနာတမ်းနေခဲ့ပေမဲ့
အခုအချိန်မှာ
မင်းတို့က့ ငြိုငြင်နေပြီလေ့

ငါတို့ က
ငါတို့ သားသမီးပဲဆိုပြီး
ဘယ်လိုများ စားရဲဦးမှာလည်း
ငါတို့ မှာ့
မင်းတို့ မှ မကျွေးရင်
ကျွေးမဲ့သူမရှိပါဘူး

ဒီတော့လည်း
မင်းတို့ မကြားနိုင်တဲ့
ရှိုက်သံလေးတွေနဲ့ 
စား နေ ရ ဦး မှာ ပဲ ပေါ့

ဦးမြင့်ခိုင် စိတ်ပညာ
 
 
 

ခပ်ညံ့ညံ့ Blogger တစ်ယောက်

မင်္ဂလာပါ


သင့်ဖုန်း ပျောက်ဆုံးခဲ့ရင် ပြန်လည်ရှာဖွေနိုင်မည့် နည်းလမ်း

===================
===================

"ပစ္စည်းတစ်ခါပျောက်ရောက်ရင် ငရဲဆယ်ခါရောက်တယ်'' ပျောက်သွားတဲ့ မိမိတို့ ပစ္စည်းဥစ္စာအတွက် ကိုယ်တိုင်လည်း စိတ်သောက ဖြစ်တယ်။ သူတစ်ပါးကို လည်း ပူပန်မှုဖြစ်စေလို့  ငရဲဆယ်ခေါက်ရောက်တာနဲ့  အလားသဏ္ဍာန်တူတာကို ရှေးလူကြီးမှာက အထက်ပါအတိုင်းဆိုခဲ့တာပါ။

ကုသခြင်းထက်ကောင်းတာ ကြိုတင်ကာကွယ်ခြင်းပါပဲ။ မိတ်ဆွေရဲ့ ဖုန်း မပျောက်ဆုံးသေးခင် အောက်ပါ အစီအစဉ်များအတိုင်း ကြိတင်ဆောင်ရွက်ထားပါ။

၁။ *#06# ကို သင့်ဖုန်းမှာနှိပ်ပါ။

၂။နှိပ်ပြီးတဲ့အခါ IMEI number လို့ ခေါ်တဲ့ ကိန်းဂဏန်း ၁၅ လုံး ပေါ်လာလိမ့်မယ်။

၃။အဲဒီ နံပါတ်၁၅လုံးကို သင်နှစ်သက်ရာနေရာမှာ ရေးမှတ်သိမ်းဆည်းပါ။ သင့်ဖုန်းပျောက်ဆုံးခဲ့ရင်အဲဒီနံပါတ်၁၅လုံးက ခြေရာခံမှာမို့ ပါ။

၎။အကယ်၍ သင့်ဖုန်းပျောက်ဆုံးတာနဲ့  IMEI Number ကို ရေးပြီး cop@vsnl.net လိပ်စာအတိုင်း အီးမေးလ် ပို့ ပါ။

၅။ကိုင်ဆောင်ထားသူက သင့်ရဲ့ဖုန်းနံပါတ်ကို လဲလိုက်ပါစေ။ သင့်ဖုန်း(hand set)ဘယ်နေရာမှာ ရှိနေတာကို သင်သိရှိနိုင်အောင် အကြောင်းကြားစာ ပို့ ပေးပါတယ်။

============

နည်းပညာ စုဘူး
 
 
 

ခပ်ညံ့ညံ့ Blogger တစ်ယောက်

မင်္ဂလာပါ


သင့်အောင်မြင်မှုလမ်းမှာ တွေ့ကြုံရမယ့် လူ ၂၈ မျိုး
----------------------------------------------------------
အောင်မြင်မှုလမ်းဆိုတာ ပန်းခင်းလမ်း မဟုတ်ပါဘူး။ လူတွေ ပြသနာတွေပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ဖြေရှင်းရမှာပါ။ သင်က သင့်ရဲ့ ဘဝကို ခုမှ စလျှောက်မှာ ဖြစ်လို့ အရှေ့မှာလာမယ့်ခရီးကြမ်းအတွက် ကြိုတင်ပြင်ဆင်ရမယ့် အချိန်ပါပဲ။ ဒီမှာက အဲဒိလမ်းမှာ သင်တွေ့ရမယ့်လူ ၂၈ ယောက်ပါ။ တချို့က လူဆိုး၊ တချို့က လူကောင်း၊ ဒါပေမယ့် အားလုံးက သင့်ကို ဘဝ သင်ခန်းစာတွေ သင်ကြားပေးသွားမှာပါ။

၁. သင့် ရွေးချယ်ချက်တွေကြောင့် စိတ်ပျက်ရမယ့်လူမျိုး။ ဒါပေမယ့် သင့်အိပ်မက်နောက် လိုက်တာကို အတင်းအကျပ် မရပ်ခိုင်းပါဘူး။ နားလည်ပေးပါတယ်။

၂. သင့်ကို အမှိုက်လို ဆက်ဆံမယ့်သူ။ ဘယ်တော့မှ အဲလိုလူတွေအတွက် စိတ်အားမငယ်ပါနဲ့။

၃. ရုန်းကန်နေရတုန် ဂရုမစိုက်ပဲ အောင်မြင်လာမှ လာကပ်သူ။ အဲလို လူမျိုးကို ကြပ်ကြပ် သတိထားပါ။ သင် နိမ့်ကျသွားတာနဲ့ စွန့်ခွာသွားမယ့် သူတွေပါ။

၎. သူတို့မလုပ်နိုင်လို့ သင့်ကို မဖြစ်နိုင်ဘူးပြောသူ။ သူတို့ကို နားမထောင်ပါနဲ့။ ကိုယ့်ဘာသာ ကြိုးစားပါ။

၅. သင် သူတို့ကို မဖြတ်ကျော်ခင်လေးပဲ သင့်ကို အားပေးမယ့်သူ။ အရူးလုပ်မခံပါနဲ့။

၆. သင့်ကို အမြဲ အားပေးနေသူ။ သင့်အကျိုးလိုလားသူ။ ကျေးဇူးတင်ပါ။ သူတို့က သင်တွေ့ဖူးသမျှထဲမှာ အဖိုးတန်ဆုံးသူပါ။

၇. သင့်ကို အသေ မြှောက်ပေးမယ့်သူ။ မြောက်မသွားပါနဲ့။ ကိုယ့်ဘာသာ ကိုယ် သိပါ။

၈. သူတို့ပါမှ သင့်ပန်းတိုင်ရောက်မယ်လို့ ဖြားယောင်းနေသူ။ မယုံပါနဲ့။ သူတို့က တစ်ဝက်လောက်တောင် အသုံးမဝင်ပါဘူး။

၉. အကျိုး အကြောင်း ရှင်းပြမယ့်သူ။ သင့်လမ်းသင်ထွင်ဖို့ အားမလျော့ပါနဲ့။

၁၀. တော်သူတွေပဲ ရှေ့ရောက်တဲ့ သဘောကို လက်မခံသူတွေ။ သင် အဲဒါကို မြန်မြန် နားလည်လေလေ သင်ပျော်လေလေပါပဲ။ ကိုယ့်အကောင်းဆုံးကိုပဲ လုပ်ဆောင်နေလိုက်ပါ။

၁၁. သင့်ကို ဆုံးမပေးမယ့် သူ။ ခဏလေးတွေ့လိုက်ရပေမယ့် သူ့ပို့ချချက်တွေဟာ တစ်သက်လုံး သင့်ကို လမ်းညွှန်ပေးနိုင်သူ။ သူ့ကို တန်ဖိုးထားပါ။ နောက်တစ်ခေါက် တွေ့ရဖို့ မသေချာပါဘူး။ သင့် ခရီးလမ်းမှအရေးကြီးဆုံးလူပါ

၁၂. သင့် ဘဝ ခံယူချက်ကို စကားတစ်ခွန်းနဲ့ ပြောင်းလဲ ပေးမယ့်သူ။ သင် ထင်မထားတဲ့ လမ်းတွေ လျှောက်လှမ်းနိုင်အောင် ကူညီပေးပါတယ်။

၁၃. တစ်သက် မမေ့နိုင်မဲ့ အောင်မြင်မှုရဲ့ တန်ဖိုးကို သင်ကြားပေးမယ့်သူ။

၁၄. သင် အရှုံးပေးသည့်တိုင်အောင် မကောင်းပြောနေမယ့်သူ။ သူ့ကို ဂရုမစိုက်ပါနဲ့။

၁၅. သင့် စိတ်အားထက်သန်မှုကို နားမလည်တဲ့သူ။ ရှင်းပြရင်း အချိန်ကုန်မခံပါနဲ့။ သင်ကိုယ်တိုင် နားလည်ဖို့ ပိုအရေးကြီးပါတယ်။

၁၆. သင့်ကို အမြဲယှဉ်ပြိုင်နေသူ။ မမုန်းပါနဲ့။ သူတို့က သင့်ကို အလုပ်ပိုလုပ်အောင် တွန်းအားပေးနေတာပါ။

၁၇. သင့်အိပ်မက်တွေကို လက်မခံသူ။ သင့်အိပ်မက်တွေကို ဖော်ဆောင်တာ တစ်ကိုယ်ကောင်းမန်ေပါဘူး။ လုပ်ပါ။

၁၈. သင့်လောက် မတော်လို့ သင့်ကို ဆွဲထားသလို ဖြစ်နေမယ့်သူ။ သူတို့ကသင့်ကို တခြားသူတွေနဲ့ အလုပ်တွဲလုပ်တတ်အောင် သင်ပေးမှာပါ။

၁၉. သင့်ထက်တော်တဲ့သူ။ အများကြီးတွေ့ရမှာပါ။ ကြိုးစားရင် သင်က သူတို့ရှေ့ ရောက်မှာပါ။

၂၀. သင်လုပ်သမျှ ဘေးထိုင်ဘုပြောနေမယ့်သူ။ စိုးရိမ်စရာ မလိုပါဘူး။

၂၁. သင့်အရည်အချင်းကို သူတို့အတွက် အသုံးချချင်သူ။ ကာလတို အခွင့်အရေးလေးတွေကို သွားရည်ကျပြီး သင့်အိပ်မက်နဲ့ မလဲလိုက်ပါနဲ့။

၂၂. သင့်ကို ပုံမှန်ပဲ နေစေချင်သူ။ ကြီးကြီး မျှော်မှန်းထားရင် ကြီးကြီး နေရမှာပါ။

၂၃. သင့်ကို တွန်းအားပေးသူ။ သူတို့နဲ့ ကပ်နေပါ။

၂၄. စိတ်ညစ်စရာကောင်းတဲ့ Boss တွေ။ သူတို့က သင့်ကို အများဆုံး သင်ကြားပေးမှာပါ။ ဘာမှ မသင်နိုင်ရင်တောင် ဘယ်လိုကောင်မျိုး မဖြစ်ရဘူးဆိုတာ သင်ပေးမှာပါ။

၂၅. အရေးကြီးချိန်မှာ သင့်ဘေးက မခွာမယ့်သူ။

၂၆. ဘာဖြစ်နေနေ သင့်အတွက် နေပေးမယ့် သူငယ်ချင်းကောင်းတစ်ဦး။ သင့်အတွက် အလုပ်မှာ မကူညီနိုင်ပေမယ့် ဘဝမှာတော့ အကောင်းဆုံး ကူညီပေးနိုင်သူပါ။ တန်ဖိုးထားပါ။ အဲလိုလူမျိုး သင့်မှာ အများကြီး မရှိပါဘူး။

၂၇. သင့်ထက် ခက်ခက်ခဲခဲ ကြိုးစားပြီးမှ သင့်နေရာကို ရောက်လာနိုင်သူတွေ။ သူတို့လုပ်နိုင်ရင် သင်လဲ လုပ်နိုင်ရမှာပါ။

၂၈.အဲဒိခရီးစဉ် တစ်နေရာရာမှာ သင်ရှာဖွေနေတဲ့ အရေးကြီးဆုံးလူကို ရှာတွေ့ပါလိမ့်မယ်။ သင့်ကိုယ်သင်ပါ။ သင့်ကိုယ်သင် သိတဲ့နေ့ဟာ သင် အောင်မြင်တဲ့ နေ့ပါပဲ။

ခင်ဗျားတို့ရော ဘယ်လို လူတွေနဲ့ တွေ့ဖူးပြီးသွားပြီလဲ....
၂၈ မျိုးလုံး တခါဖတ်ရုံနဲ့ မမှတ်မိနိုင်လို့.. Wall ပေါ်မှာ Only Me နဲ့ ရှဲထားလိုက်ပါ....
 
 
 
 
 

ခပ်ညံ့ညံ့ Blogger တစ်ယောက်

မင်္ဂလာပါ

♪ Sound Effect ပေါင်းများစွာပါဝင်တဲ့ - Equalizer mp3 Player Volume IAP Unlocked v1.0.1 APK ♫


သီချင်းနားထောင်တာဝါသနာပါသူများအတွက် Sound Effect ပေါင်းများစွာကိုစိတ်ကြိုက် ချိန်ညှိ နိုင်တဲ့ Android Player လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Equalizer ဆိုတဲ့အတိုင်းပါဘဲ မိမိနားထောင်တဲ့ သီချင်း နဲ့လိုက်ဖက်ညီမယ့် Sound Effect 13မျိုးကိုစိတ်ကြိုက်ရွေးချယ်ပြီးနားထောင်နိုင်ပါတယ်ဗျာ။ Acoustic , Classical , Dance , Electro , Flat , Folk , Hip-Hop , Jazz , Latin , Metal , Pop , R&B , Rock စတဲ့ Sound Effect တွေဖြစ်ပါတယ်ဗျာ ။ ကျွန်တော် သီချင်းတစ်ပုဒ်ထဲကို အခြား Music Player တွေနဲ့ယှဉ်ပြီး နားထောင်ကြည့်ပြီးပါပြီ။ အခု တင်ပေးထားတဲ့ Equalizer + Pro နဲ့နားထောင်ရတဲ့ သီချင်းအသံကပိုပြီး အရသာရှိပါတယ်ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။

Equalizer + Pro (Music Player) - screenshot      Equalizer + Pro (Music Player) - screenshot

Equalizer + Pro (Music Player) - screenshot      Equalizer + Pro (Music Player) - screenshot

Equalizer + Pro (Music Player) - screenshot    

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download   Download

ခပ်ညံ့ညံ့ Blogger တစ်ယောက်

မင်္ဂလာပါ


မိမိဘဝရှေ့ရေးအတွက်ပထမဆုံးလုပ်ရမည့်အလုပ်။

သင်ဖြစ်ချင်သည့်အရာကို လောကကြီးက ဖြစ်ခွင့်ပေးပြီးထားပါ။´ ဒီစာသားလေးကိုနားလည်လားမသိဘူး။လူ
တစ်ယောက်ကာမိမိဖြစ်ချင်သည့်ပုံစံအတိုင်းလောကကြီးကဖြ
စ်ခွင့်ပေးပါတယ်။သင်ဘာဖြစ်ချင်လဲဖြစ်ချင်သည့်အရာကိုသင်ဖြစ်လိမ့်မယ်။ဘာမှမဖြစ်ချင်ဘူးလားသင်ဘာမှဖြစ်လာမည်မဟုတ်ပါ။

သင်မဖြစ်ချင်သည့်အရာကိုလောကကြီးကအတင်းထိုးပေးလို့မရပါ။ဒါကိုသင်ယုံပါသလား။ဥပမာ.တခုပြောပြမယ်။
လူတွေအားလုံးသည်ပန်းပုထုတဲ့ဆရာတွေအဖြစ်လောကကြီး
ပေးထားပြီး။သင်သည်လဲပန်းပုဆရာတစ်ယောက်ဖြစ်သည်။
သင်အလိုရှိသည့်အရာရုပ်ပုံတခုကိုသင့်စိတ်ကြိုက်ပြုလုပ်ပိုင်ခွင့်(ထုဆစ်ပိုင်ခွင့်)ရှိသည်။တကယ်လဲအလှပဆုံးအကောင်းဆုံးအထူးချွမ်ဆုံးပြုလုပ်လို့ရသည်။လူအားလုံးသည်မိမိလိုချင်သည့်ပုံစံအမျိုးမျိုးကိုထုဆစ်ပုံဖေါ်နေကျပါတယ်။တချို့ကပြီးစီ
းအောင်မလုပ်ခဲ့ကျဘူး။တချို့ကဘာမှမလုပ်ဘဲနေခဲ့တယ်။လူနည်းစုကတာမိမိလိုချင်သည့်အရာကိုအလှပဆုံးဖြစ်အောင်ပြုလုပ်ခဲ့ကျတယ်။အ့မှာလူဆင်းရဲ၊လူချမ်းသာနဲ့လူသာ
မန်ဆိုပီးနေထိုင်သွားကျတယ်။

ခုညီလေးညီမလေးတွေလဲလုပ်ကြည့်ပါ။မိမိလိုချင်သည့်အရာကာဖြစ်လာပါမည်။မယုံရင်မလုပ်ဘဲဒီအတိုင်းလေးဘဲနေသွားပါ။ဘာမျှဖြစ်လာမည်မဟုတ်။ခုလက်ရှိရောက်နေတဲ့မိ
မိဘဝလေးကိုပြန်ကြည့်ပါ၊ဘာတွေပြောင်းလဲသွားပီးလဲ။အကို့
ထိုင်းနိုင်ငံရောက်နေတဲ့ညီလေးညီမလေးတချို့အလုပ်သွားလု
ပ်တာလေးငါးနှစ်ရှိပီးတချို့ဆို၉နှစ်၁၀နှစ်ရှိပီးပြောင်းလဲမှုမရှိခဲ့
ပါဘူး။လခစားအလုပ်သမားတွေလဲထို့နည်းအတိုင်းပါဘဲ။အ
ကိုပြောတာနားလည်မယ်ထင်ပါတယ်နော်။

ကဲဟုတ်ပီး..ဒီလိုဘဲမပြောင်းလဲတဲ့မိမိဘဝလေးကိုပြောင်းလဲအောင်လုပ်ကျမယ်။အရင်ဆုံးလုပ်ရမည့်အလုပ်က..မိမိဘဝ
ကိုဘယ်လိုဖြစ်ချင်လဲဆိုတာတွေးရပါမယ်။မိမိအဖြစ်ချင်သည့်အရာကလဲရိုးရှင်းရပါမယ်။မိမိအတွေးပေါ့ရိုးရိုးရှင်းရှင်းနဲ့ရှိဖို့လို
ပါတယ်။ဒါမှလဲမိမိပုံဖော်ထုဆစ်သည့်အခါအဆင်ပြေနိုင်မည်ဖြစ်သည်။

မိမိဘဝကိုအရိုးရှင်းဆုံး..ဒီလိုလေးတွေးထားပါ။မိမိဘဝတွင်..
ငွေကြေးကိစ္စကြောင့် ပူပင်စရာမလိုတဲ့ဘဝ..ဆိုပီးမိမိဘဝရဲ့
ပန်တိုင်အဖြစ်သတ်မှက်ထားပါ။အ့လိုမျိုးသတ်မှတ်ထားပီးဆို
နောက်လုပ်ရမည့်အလုပ်လေးတွေကိုအကိုတင်သွားပေးပါမ
ယ်။

ဒီစာလေးကိုသေခြာဖတ်ပေးပါ။တစ်ခေါက်ဖတ်လို့နားမလဲပါ
ကနှစ်ခေါက်သုံးခေါက်ဖတ်ပေးပါ။မိမိဝေါမှာရှယ်ထားပီးပြန်ဖတ်ပေးပါ။မိမိလိုဘဲမိမိသူငယ်ချင်းတွေကိုလဲဖိတ်ခေါ်ပါ။ဆွေးနွေးပါ။



 ကိုဒီမွန်း - ဘဝရှေ့ရေးလမ်းညွှန်

 

ခပ်ညံ့ညံ့ Blogger တစ်ယောက်

မင်္ဂလာပါ

{နောင်ပွင့်တော်မူမည့် အရိမေတ္တေယျ မြတ်စွာဘုရား သမိုင်း}

အရိမေတ္တေယျဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ...

၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။

၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။

၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။

၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။

၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။

၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။

၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။

၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။

၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်

အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။

အရိမေတ္တေယျဘုရား

ကျွန်တော်တို့ဟာ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင်တော်မူမဲ့ မြတ်စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ် တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက် ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကို ပို့ပေးတဲ့ အရှင်ဝိမလ၀ံသကို အထူးကျေးဇူးတင်ပါသည်ဘုရား။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို ရှိခိုးကန့်တော့လိုက်ပါတယ် ဘုရား

ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါးဆူပွင့်မယ်လို့ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဗုဒ္ဓဘာသာတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် "အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။"

အဲဒီအတွက် ကျွန်တော်တိုဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့ လိုပါတယ် …သုံးချက်ထဲပါ

၁။ မကောင်းမှု ကိုရှောင်ရမယ် ။

၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။

၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။

ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။

နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း...

အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။

ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..

(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)

(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း

(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ

(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး

(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း

ပဋိသန္ဓေယူုခြင်း...

ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။

ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး "ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့" ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင်ပေါ်လာခြင်း...

အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသောပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလိမ့်မည်။ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက

ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။

ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး

ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ

ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။

အဇိတမင်းသားအိမ်ထောင်ပြုခြင်း...

အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော်ဖွားမြင်ခြင်း...

အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့

သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။

နိမိတ်လေးပါးမြင်ခြင်း...

ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း

နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး

နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။

အဇိတမင်းသားတောထွက်တော်မူခြင်း...

အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။

သဗ္ဗညုတဥာဏ်ရသည့်အချိန်...

ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဥာဏ်ကိုရမယ်။

ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။

ဓမ္မစကြာတရားဟောကြွခြင်း...

ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။

ဘုရားရှင်၏တန်ခိုးတော်...

ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။

ရုပ်မြင်သံကြားမေတ္တေယျဘုရား...

အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။ နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့်အရွယ် မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ

ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီးပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ် ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ် သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာြး့ပုပြင်သောပ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ် ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ် ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။




 
 

8/8/15

မိမိရဲ့ ဖုန်းContact ​တွေကိုသူများမမြင်​​အောင်

မင်္ဂလာပါ

မိမိရဲ့ ဖုန်းContact ​တွေကိုသူများမမြင်​​အောင်​ ​ဖျောက်​ချင်​တဲ့သူ​တွေတွက်​ Hide Contact apk 
Android ဖုန်း Tablet ကိုင်​​ဆောင်​တဲ့ ​ဘော်​ဒါ​တွေအတွက်
အရမ်း​ကောင်းပြီးSecurity ပိုင်းစိတ်​ချရတဲ့ Apk ​လေးနဲ့မိတ်​ဆက်​​ပေးပါရ​စေ
ဒီapk ​လေးက​တော့ မမြင်​​စေချင်​တဲ့ Contact ​တွေကို စိတ်​ကြိုက်​​ဖျောက်​လို့ရတဲ့ Apk ​လေးပါ
အသုံးပြု့ပုံက​တော့ ရိုးရှင်းပါတယ်​ Apk ကိုဖွင့်​လိုက်​တာနဲ့ Pass ​တောင်းမှာပါ Pass ကိုမိမိနှစ်​သက်​တဲ့ 4 လုံး​ပေးပီး မမြင်​​စေချင်​တဲ့ Contact ကို Hide နိုင်​ပါပြီ
အဆင်​​ပြေပါ​စေ
                    >>> DOWNLOAD <<<

4/3/15

မြန်မာစာပါတဲ့Format Factoryလေးပါ

မြန်မာစာပါတဲ့Format Factoryလေးပါ




မင်္ဂလာပါ အားလုံးအတွက် လိုအပ်မယ့် Format Factory လေးကို တင်ပေး လိုက်ပါ တယ်။

ဒီဆော့ဝဲလေးကိုတော့ အားလုံးသိကြမှာပါ အထူးမိတ်ဆက်မနေတော့ပါဘူး
 
ဒီကောင်းလေးကမြန်မာစာလဲ ပါပီသာနော်ေိခိ



ကွန်ပျူတာတစ်လုံးကိုင်ဆောင်ထားပြီဆိုရင် မရှိမဖြစ် မသိမဖြစ်တဲ့ တကယ့်လိုအပ်တဲ့ ဆော့ဝဲကောင်းပါ။

အသုံးပြုရတာ အရမ်းလွယ်ကူပြီး လူတိုင်းအတွက် အသုံးတည့် all

in one video converter တစ်ခုဖြစ်ပါတယ် မိမိကြိုက်နှစ်သက်တဲ့ video, audio/music စတာတွေကို

ဒီကောင်လေးနဲ့ အလွယ်တကူ Convert လုပ်ယူနိုင်မှာဖြစ်ပါတယ်။

အင်စတောလုပ်ရတာ မခက်ပါလို့ မရှင်းပြတော့ပါ 

အသုံးလိုတဲ့ ဘော်ဒါတွေကတော့ အောက်ကလင့်တွေမှာ ဒေါင်းယူနိုင်ပါပြီ။


ဒေါင်းရန်


3/21/15

Windwos 8 ဆိုတာဘာလဲ?

မင်္ဂလာပါ


Windwos 8 ဆိုတာဘာလဲ?
ကျနော့်ကို FB မှ ညီအကိုတစ်ယောက် မေးလာတာလေးပါ
သိရင်နည်းနည်းပြောပြပေးပါဆိုလို့ ဒီပိုစ့်လေးကို ကျနော်သိသလောက ပြန်လည်မျှဝေလိုက်ပါတယ်။ လေ့လာခါစဘော်ဒါတွေအတွက်တော့ အခုကျနော် ပြန်လည်မျှဝေမှုသည် Windows 8 နဲ့ပတ်သက်တဲ့ အကြောင်းအရာအားလုံးကို ပြီးပြည့်စုံတောင် မဟုတ်ပေမယ့် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်လောင်အောင် မျှဝေလိုက်ပါတယ်။
၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင်ဖြန့်ချီခဲ့ပါတယ်။ အဲဒီတုန်းကတော့ Windows 8 သည်
Microsoft မှ နောက်ဆုံးထုပ်လိုက်သော Operating System တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
အခု ၂၀၁၅ ခုနှစ်အရောက်မှာတော့ Windows 8.1 Pro ဗားရှင်းအထိ ထုပ်လုပ်ပြီးဖြစ်တော့
၂၀၁၂ ခုနှစ်မှာ ထုပ်လိုက်တဲ့ Windows 8 သည် နောက်ဆုံး ထုပ်ကုန်မဟုတ်တော့ပါ။
Windows 8 OS ကို C, C++ နှင့် Assembly language တို့ကို အဓိကအခြေခံထားပြီး ဖန်တီးထားထာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က နောက်ဆုံးအဖြစ် ထုတ်ခဲ့တဲ့ Windows 7 OS ကို အပြတ်အသား ကျော်ဖြတ်နိုင်မယ်လို့ အများက ယူဆခဲ့ကြပါတယ်။
သူ့ရဲ့ အားသာချက် အားနည်းချက် ကောင်းဆိုးဆိုတာတွေကိုတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။
အဲဒီထဲက ကောင်းတာတွေကို ရွေးသုံးပြီး၊ မကောင်းတာတွေကို ဆင်ခြင်သုံးသပ်ယူရမှာဖြစ်ပါတယ်။
ယခင် Windows OS တွေနဲ့ မတူကွဲပြားခြားနားသော ထုတ်ကုန်ဖြင့် ပရိတ်သတ်ကို ဆွဲဆောင်နိုင်ပါတယ်။
Start Windows ဟာ အလွန်မြန်ဆန်လာပါတယ်။ အဖွင့်မျက်နှာစာဟာလည်း မသိလျှင် Tablet တစ်လုံး၏
Screen မျာက်နှာပြင်သားကဲ့သို့ ခံစားရစေပါလိမ့်မယ်။ အထူးခြားဆုံးကတော့ အလျှင်မြန်ဆုံး Windows တက်လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပြောရရင်တော့ အရင် Windows 7 ထက် ၃ ဆပိုမိုမြန်ဆန်လာပါတယ်။
ကျနော်မကြိုက်တဲ့အချစ်ကတော့ Start Button ကိုနေရာရောပံစံပါ ရွေ့ပြောင်းလိုက်တာဖြစ်ပါတယ်။
Start Button ကို မြင်ရဖို့က အပေါ်ညာဘက်ထောင့်ကို မြားတင်မှသာ Start အုပ်စုပေါ်လာပါတယ်။
Mouse ကစားမှုကို ပိုအချိန်ကုန်စေပါတယ်။ အားနည်ချက်လို့ ထင်ရပေမယ့် အသွင်က အရင် Windows OS နဲ့စာလျှင်တော့ ဆန်းနေတာဖြစ်လို့ လက်ခံသဘောကျပါတယ်။
Windows 8 ရဲ့ နောက်ကောင်းတဲ့တစ်ချက်ကတော့ Smart Phone တွေမှာလို ရှိသမျှအသုံးများအား Desktop Screen အဖြစ်အလှဆင်ပေးထားတာပဲဖြစ်ပါတယ်။
တကယ်လို့ စာဖတ်သူ ကွန်ပျူတာမှာ Windows 8 ကို install လုပ်ပြီး အသုံးပြုလိုတယ်ဆိုရင်တော့ အချို့သော လိုအပ်ချက်တွေရှိပါတယ်။
အောက်ပါအချက်များနဲ့ ပြည့်စုံနေပါမှာ စာဖတ်သူရဲ့ ကွန်ပျူ တာမှာ Windwos 8 တစ်ခုကို
Install လုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Windows 8 ကို install လုပ်ရန် လိုအပ်ချက်များ
v  Processor: 1 gighertz (GHz) or fester with support for PAE, NX, and SSE2 (more info)
v  RAM: 1 gigabyte (GB) (32-bit) or 2 (64-bit)
v  Hard disk space: 16 GB (32-bit) or 20 GB (64-bit)
v  Graphics card: Microsoft DirectX 9 graphics device with WDDM Driver
ကွန်ပျူတာအကြောင်းနားလည်မှုအားနည်းသူများကတော့ ကျွမ်းကျင်သူများနှင့်ပြကာတိုင်ပင်သင့်ပါတယ်။ အချို့သော စက်တွေမှာ အလွယ်ကတူ Upgrade လုပ်နိုင်ခွင့်ရှိကောင်းရှိနိုင်ပါတယ်။
နောက်ထပ် Windows 8 မှာ Style Type နှစ်မျိုးဖြင့်ရနိုင်ပါသေးတယ်။ Windows 8 နှင့် Windows RT တို့ပဲဖြစ်ပါတယ်။ Windows RT ကတော့ Tablet များနှင့် TouchScreen သုံး PC များအတွက်ဖြစ်ပါတယ်။
Windows 8 ကတော့ သာမန် အိမ်သုံး PC များအတွက်ဖြစ်ပါတယ်။
(ပိုပြီးသင့်တော်ပါတယ်)
Windows 8 ကိုတော့ Microsoft က Pro Version ၊ Enterprise Version နှင့် Core Version ဟူ၍ အမျိုးအစားခွဲထုပ်ပေးထားပါတယ်။ သာမာန် User Core version ကိုတော့ ၀ယ်သုံးကြတာများပါတယ်။
Special User အဖြစ်အသုံးပြုလိုသူတွေကတော့ Pro Version ကို ၀ယ်သုံးကြပါတယ်။
တကယ်လို့ Windows 8 ဆိုင်ရာ ဗားရှင်းတွေထဲက Network ပါဝင်သော အကောင်းဆုံးကိုမှ
အသုံးပြုလိုလျှင်တော့ Windows 8 Enterprise Version ကို ၀ယ်သုံးနိုင်ကြပါတယ်။
Windows 8 Professional Upgrade -$69.99 (save$130)
Windows 8 Pro Pack –Product Key Card (no media) -$69.99 (save $30)
Windows 8 (Full Version) – OEM $99.99
Windows 8 Pro (Full Version) –OEM $139.99
31, January,2013 အထိ Windows 8 ရဲ့ ဈေးနှုန်းကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်။
Windows 8.1 ဆိုင်ရာကိုတော့ မကြာမှီတင်ပေးသွားမှာဖြစ်ပါတယ်။
အထက်ပါ ဈေးနှုန်းများသည် အပြောင်းအလဲရှိနိုင်ပါသည်။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
တကယ်လို့ ကျနော်လက်လှန်းမှီသလောက် ရေးသည့် ဒီပိုစ့်ထဲမှာ
အမှားများပါခဲ့ရင်တော့ ကျနော့်ရဲ့အားနည်းချက်သာဖြစ်ပါကြောင်း
ရိုးသားစွား ၀န်ခံပါသည်။
PDF အဖြစ် သိမ်းဆဲထားချင်သူများကတော့
အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။
OR
OR
OR

အားလုံးကို ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ

ဖုန်းပြောသမျှအော်တိုမှတ်ထားပေးမယ့်

မင်္ဂလာပါ


Auto Call Recorder Pro apk


ဖုန်းပြောသမျှအော်တိုမှတ်ထားပေးမယ့် - Automatic Call Recorder Pro v4.14 Apk လေးပါ အရေးကြီးဖုန်းတွေ မှတ်သားစရာတွေဖုန်းပြောရင်မေ့တက်တဲ့ဘော်ဒါတွေအတွက်  ဆောင်ထားသင့်တဲ့  Automatic Call Recorder လေးပါအောက်မှာဒေါင်းပြီးသုံးနိုင်ပါတယ်  Automatic Call Recorder Pro v4.14 Apk | 375 KB | Resumable Links | Requires Android:2.1 and up
Automatic call recorder.

Automatic Call Recorder Pro

What’s in this version:
  • Improved cloud performance
  • UI Improvements
  • Bug fixes

App Review:

In this ad free pro version you can automatically save calls from a contact and add comment to a recorded call.
You can also stop a recording in progress or start recording when a call is in progress.
Record all desired calls on your phone.
Select which calls to record:
You can record all calls or only those that are from numbers that are not in your contacts.
You can play, save and share the recorded calls.
Please note that on some devices recording a call is no possible so please try the free version first.
Auto call recorder also supports wav , ANR, 3gp formats.
Recording on an external sd card or any location desired is also possible.
The audio source is now configurable.
For playing the 3gp format you can use the “MX Video Player”.
If you have a problem with the recording, please try to record with a different audio source,
which you can configure in the settings tab.
Try to record with speaker on or off , until you find the best combination for your phone.
For example you can try Audio Source -> Voice UpLink and speaker off.


 

  ဦးအာကာ software ပြန်လည်ဝေမျှသည်

Download
    

ဖုန်းလာရင် Flash မီးလေးနဲ့အချက်ပြပေးမယ့်

မင်္ဂလာပါ
 အဘမြေးတွေအတွက်ပါ
 ဖုန်းလာရင် Flash မီးလေးနဲ့အချက်ပြပေးမယ့် - Flash Alert on Call apk  ဗားရှင်းအသစ်လေးပါ ဘော်ဒါတွေ ဆောင်ထားသင့်တဲ့ဆော့ဝဲလေးမိုပ တင်ပေး လိုက်ပါတယ်အောက်မှာဒေါင်းပြီးသုံးနိုင်ပါတယ်  ( ပုသိမ်နည်းပညာ )

Flash Alert on Call
Flash Alert on Call application reminds you of a incoming call, message (SMS) and notifications with the blink of light with the use of camera Flash Light. This Application mostly use when your phone in Silent Mode or you are not hear your incoming calls, SMS and notifications ring tone.
It is also used as Strobe Light, Party Light, LED Light as well as Torch/Flash Light.
Flash Alert on Call-1 Flash Alert on Call-2
Features:
– Flashing on incoming calls.
– Flashing on incoming SMS.
– Flashing on incoming notification of facebook,gtalk and whatsapp
– You can use this application as Torch Light, Flash Light, Strobe Light, SOS Light, Party LED Light
– You can controls Flash Interval with the use of setting.
– Set flash blink speed.
Note: For notification flash alert you need to turn ON Accessibility service from your device settings.
Size : 2.0M
Current Version : 2.1
Requires Android : 2.3 and up
Offered By : Flexi Info

 

 

Download
    

3/20/15

ဘာသာစကား 72 ဘာသားပြန်

မင်္ဂလာပါ
မြေးလေတို့ရေ............


*** ဘာသာစကား 72 မျိုးကို မှန်ကန်သော အသံထွက်နှင့် Translate လုပ်ပေးနိုင်တဲ့ - Ace Translator v14.3.0.1030 + Serial. (For PC) ♫

ဘာသာစကား 72 မျိုးကို အပြန်အလှန်ဖော်ပြပေးနိုင်တဲ့ Ace Translator v10.5 ကိုမျှဝေပေးလိုက်ပါ တယ် ဗျာ။ စာသားအနေနဲ့ ဖော်ပြပေးရုံတင်မဟုတ်ပါဘူး အသံထွက်ကိုမှန်ကန်ပီသစွာ ထွက်ဆိုပေးနိုင် ပါသေး တယ်။ အသံထွက်ကတော့ ဘာသာစကား 43 မျိုးကို အသံထွက်ပေးနိုင်ပါတယ်ဗျာ။ ဘယ်နိုင်ငံက ဘာသာ စကားတွေလည်းဆိုတာကိုတော့ အောက်မှာ ရေးပေးထားပါတယ်ဗျာ။ အသံပါထွက်ဆိုနိုင်တဲ့ ဘာသာ စကားကိုတော့ ဘေးနားမှာ Sound Icon လေးကိုထည့်ပေးထားပါတယ်ဗျာ။ အမြဲတမ်း သုံးနိုင်အောင် Serial Key ကိုပါထည့်ပေးလိုက်ပါတယ်ဗျာ။ File Size 2.2MB လောက်ဘဲရှိပြီး အသုံးဝင်တဲ့ အတွက် တွေ့ တုန်းလေးယူထားစေချင်ပါတယ်ဗျာ။

Ace Translator employs the power of Internet machine language translation engines, and enables you to easily translate Web contents, letters, chat, and emails between major International languages.

The new version 11 supports 72 languages, and with text-to-speech (TTS) support for 45 languages, which makes it an ideal language learning app as well.

Currently, Ace Translator supports translations between following languages:

· Afrikaans
· Albanian
· Arabic
· Armenian
· Azerbaijani
· Basque
· Belarusian
· Bengali
· Bulgarian
· Catalan
· Chinese (Simplified)
· Chinese (Traditional)
· Croatian
· Czech
· Danish
· Dutch
· English
· Estonian
· Filipino
· Finnish
· French
· Galician
· Georgian
· German
· Greek
· Gujarati
· Haitian Creole
· Hebrew
· Hindi
· Hungarian
· Icelandic
· Indonesian
· Irish
· Italian
· Japanese
· Kannada
· Korean
· Latin
· Latvian
· Lithuanian
· Macedonian
· Malay
· Maltese
· Norwegian
· Persian
· Polish
· Portuguese
· Romanian
· Russian
· Serbian
· Slovak
· Slovenian
· Spanish
· Swahili
· Swedish
· Tamil
· Telugu
· Thai
· Turkish
· Ukrainian
· Urdu
· Vietnamese
· Welsh
· Yiddish
· Esperanto
System Requirements: Windows XP / Vista / 7 / 8  
 
 
 

ios 7 luncher v1.3[3.52mb

မင်္ဂလာပါ
★ မင်္ဂလာပါ ★
မိမိဖုန်းကိုiosဖုန်းစတိုလ်​လိုလန်းချင်​ပါသလား
မိမိဖုန်းမှiosစတိုလ်​ဖြစ်​သွားပြီ​စောက်​ရမ်းလန်းသွားပါမယ်​ခညာကျ​နော်​လက်​ရှိသုံးကြည့်​တာမဆိုးဘူးခညာမိုက်​​နေ​ရော်​ပဲ​စောက်​ရမ်းလန်းတယ်​ကဲလန်းချင်​တဲ့​ဘောဒါ​တွေအတွက်​​အောက်​မှာ​ဒေါင်းလိုရပါပြီခညာAndroid version 2.3.6အထက်​မှထည့်​သွင်းအသုံးပြုနိုင်​ပါတယ်​ခညာ
★ Download ★ 



Htet Aung Soe Oo[Loikawthar] 

Pdf စာအုပ်အလွယ်လုပ်ရမဲ့Pdf Utility .Apk

မင်္ဂလာပါ
ကဲ့ဗျာ လုပ်ကြည်နော် 

Pdf စာအုပ်အလွယ်လုပ်ရမဲ့Pdf Utility .Apk

Pdf စာအုပ်လုပ်တဲ့Apkလေးပါဗျာ Cb ကနေမေးနေကြလို့တင်ပေးလိုက်ပါတယ်ဗျာ ဒီကောင်လေးက Pdfစာအုပ်လုပ်တာအရမ်းလွယ်ကူပါတယ်ဗျာ Apk ကိုဖွင့်တာနဲ့ Images to Pdf ကိုနှိပ်လိုက်တာနဲ့ စာအုပ်လုပ်နဲ့ ဓာတ်ပုံတွေရွေးပြီး Pdf စာအုပ်အဖြစ် လုပ်လို့ရပါပြီဗျာ တခြားဟာတွေလဲလုပ်ရပါသေးတယ် အဲ့ဒါတော့ ကွကိုယ်ကလိလို့ပြောချင်ပါတယ် ခ်ခ် အောက်ကလင့်မှာဒေါင်းယူနိုင်ပါတယ်ဗျာ
      >>>>> DOWNLOAD  HERE <<<<<

Fb ဆိုင်ရာ လိုရင်ယူသုံးပေါ့ဗျာ

မင်္ဂလာပါ
မြေးလေတွ
Fb ဆိုင်ရာ လိုရင်ယူသုံးပေါ့ဗျာ
၁။ ။Add Friend ပိတ်နည်း ( ကိုယ့်သူငယ်ချင်းရဲ့ သူငယ်ချင်းသာ Add လာလို့ ရမှာပါ )
Download >> http://pc.cd/3Se
၂။ ။သူငယ်ချင်းမဟုတ်သောသူများ စာပို့လာလို့ မရအောင် Message Box ပိတ်နည်း။ (ကိုယ့်သူငယ်ချင်းရဲ့ သူငယ်ချင်းတော့ ပို့လာလို့ ရပါတယ် ဒါပေမဲ့ Other message ထဲသာ ဝင်ပါတယ်)
Download >> http://pc.cd/1Se
၃။ ။သူများတွေ အပုံ စာများ လာ Tag ခြင်းကို မိမိခွင့်ပြုချက်ရမှ မိမိဝေါမှာ ပေါ်အောင်ပိတ်နည်း
Download >> http://pc.cd/aY8
၎။ ။မိမိသူငယ်ချင်းစာရင်းကို မိမိတစ်ဦးထဲသာမြင်အောင် ပိတ်နည်း။
Download >> http://pc.cd/bhe
၅။ ။မိမိ Like ပေးထားသော Page များကို မိမိတစ်ဦးထဲမြင်အောင် ဖွက်နည်း။
Download >> http://pc.cd/3he
၆။ ။ဖုန်းနံပါတ်ပေါ်လို့ စိတ်ညစ်နေသော သူများအတွက် ဖုန်းနံပါတ်ကို မိမိတစ်ဦးထဲမြင်အောင် ဖွက်နည်း။
Download >> http://pc.cd/dSe
၇။ ။Facebook အကောက် ဖျက်သိမ်းနည်းနှင့် တခဏ ၁၄ ရက်ပိတ်ထားနည်း။
Download >> http://pc.cd/0Se
၈။ ။Facebook ဆော့ဝဲလ်မှတဆင့် Facebook အကောက်ကို အလွယ်ကူဆုံး နည်းလမ်းမှန်မှန်ဖြင့် အကောက်ဖွင့်နည်း ( ဖုန်းနံပါတ်မလို )
Download >> http://pc.cd/Oje
၉။ ။ဖုန်းအင်တာနက် Browser မှတဆင့် Facebook အကောက်ကို နည်းလမ်းမှန်မှန်ဖြင့် ဖုန်းနံပါတ်မလို အကောက်ဖွင့်နည်း။
Download >> http://pc.cd/Khe