၂၄

2/13/15

ဗိုလ်ချုပ် စကား ………

ဗိုလ်ချုပ် စကား ………
""ဟေ့ကောင် ကျော်စိန်
ဟိုမှာ ……
ပုလိပ်တွေ လက်ပြနေပြီ မောင်းကွ
တော်ကြာ လာဖမ်းနေဦးမယ်""
""ဗိုလ်ချုပ် တစ်ယောက်လုံးပါနေတာ
ဖမ်းစရာလား ဗိုလ်ချုပ်ရယ်""
""ဟေ့ကောင်
ငါက ငါ
ဥပဒေက ဥပဒေကွ""
""စက်ရပ်သွားပြီ ဗိုလ်ချုပ်""
""ဟေ့ကောင် ထွန်းလှ ဆင်း ……
ဒို့ နှစ်ယောက် ကားတွန်းရအောင် ""

""မမကြည်
ဂျူတီချိန်းရအောင်
ဗိုလ်ချုပ်ကို သမီးကြောက်တယ်""
""ရပါတယ်ကွယ်
ဗိုလ်ချုပ်ကို
မမကြည် ကြည့်လိုက်ပါ့မယ်""
""အကိုကြီး(ဦးဘဝင်း)
မခင်ကြည်ဆိုတဲ့ သူနာပြုဆရာမကို
ကျုပ်က ချစ်တယ်လို့
လက်ထပ်ချင်တယ်လို့
ခု မြန်မြန်သွားပြောဗျာ
အချိန် မရှိဘူး
ကျုပ်မှာ အလုပ်တွေ ရှိသေးတယ်""
""ကြည် ……
အိမ်က ရဲဘော်တွေကို
ဈေးခြင်းတောင်း မဆွဲခိုင်းပါနဲ့
သူတို့က နိုင်ငံတော်အတွက်ကွ……""
""ရွှေဒင်္ဂါးကို နင် လိုရာသုံးဖို့
ငါ လာလှူတာ…ဝေ့ ဗိုလ်ချုပ်""
""ထားခဲ့ပါ ရှမ်းကြီးရယ်
မနက်ကျတော့ ဖဆပလကို
ကျုပ် ပို့ပေးပါ့မယ်""
""မမကြည်
အိမ်မှာ ဆန် ဆီ ပြတ်သွားရင်
ကျနော်ကို ပြောနော်""
""လာကန်တော့လို့ လက်ခံရင်
မင်းကို အရင် ထောင်ချပစ်မယ်လို့
ဗိုလ်ချုပ်က ကျနော်ကို ကြိမ်းထားတယ်""
""စိတ်ချပါ ဗိုလ်ထွန်းလှရယ်……
အဲ့ဒီလို ရှိလို့လား
ကန်တော့တယ်ဆိုတာ
လက်အုပ်ချီပြီး"သြကာသ"ဆိုတာ
မဟုတ်ဘူးလား……""
""ကျနော် စစ်ထဲဝင်ချင်တယ်""
""မင်း နာမည်""
""ဝင်းတင်(ဟံသာဝတီဦးဝင်းတင်)""
""ဘယ်နှစ်တန်းလဲ""
""၇-တန်း""
""ငယ်သေးတယ် ပညာဆက်သင်""
""တပ်ထဲမဝင်နဲ့
ပညာတတ်အောင် ဆက်သင်""
""ဟေ့ကောင် ထွန်းလှ
ဗိုက်ဆာတယ်ကွ
မနက်ကလည်း ဘဲဥဟင်းဆိုတော့
ထမင်းစား မကောင်းဘူး""
""လကုန်ခါနီးဆိုတော့ ဒီလိုပဲပေါ့"
""ဆိတ်သားခပတ် စားချင်တယ်ကွာ""
""မင်းမှာ ပိုက်ဆံပါလား""
""လွတ်လပ်ရေးရရင်တော့
ခြံလေးစိုက်ပြီး
စာပဲရေးချင်နေတာဗျာ""
""မင်္ဂလာဒုံက ခြံလေးတော့ ကြိုက်သား""
""ကျပ်ငါးထောင်ဆိုတော့ မတတ်နိုင်ဘူး""
""ခြံ မရှိရင်နေ
ကလေးတွေကိုတော့
ကျောင်းကောင်းကောင်းထားချင်တယ်ဗျာ""
""အငယ်ဆုံး သမီးလေးကို
နားကပ်လေးတစ်ရံ ခမည်းပေးဖို့
နတ်မောက်က အမေဆီ
ပိုက်ဆံ လှမ်းမှာထားရတယ်""
""အေးဗျာ ……
အလုပ်ကရှုပ် ငွေက မရှိပါဘူးဆိုမှ
ကလေးကလည်း မွေးလိုက်တာ
တစ်နှစ် တစ်ယောက်ပဲဗျို့ … ဟား ဟား""

ချစ်သူတို့ဖတ်ဖို့

ချစ်သူတို့ဖတ်ဖို့
===========
၁ -
တခါက ရေငတ်လို့သေအံ့ဆဲဆဲဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ရှေ့ကို
ရေဘူးအပိုနဲ့ကောင်မလေးတစ်ယောက် ရောက်လာတယ်
ကောင်လေးက နောက်ဆုံးအားနဲ့အားယူပြီးစကားပြောတယ်
" ငါ့ကို ရေမျှပါ
နင့်အပါးမှာ တသက်တာ နင်စေလိုရာစောင့်ရှောက်ပေးပါ့မယ် "
ကောင်မလေးက ကြည့်တယ်
သဘောကျတယ် ဒါပေမဲ့ မိန်းကလေးမို့ချက်ချင်းမတိုက်ပဲ
ခြေငါးလှမ်းလှမ်းလိုက်တယ် ပြီးမှ နောက်ပြန်လှည့်ပြီး ရေဘူးဖွင့်ပေးတယ်
ဒါပေမဲ့ ကောင်လေးကသေသွားပြီ
၂ -
ချစ်သူ၂ယောက် စိတ်ကောက်ကြတယ်
ကောင်လေးကို ကောင်မလေးကပြောတယ်
" နင်မရှိမှ ငါ့တကယ်ပျော်ရွှင်မှာတဲ့ "
နောက်ရက်မှာ ကောင်လေးပျောက်သွားတယ်
ပျော်ရွှင်မှုကို ၂ယောက်လုံးပျောက်ဆုံးခံလိုက်ရတယ်
၃ -
ကောင်လေးက ကောင်မလေးကိုမေးတယ်
" ငါ့ကို ချစ်လား "လို့
ကောင်မလေးက အမြဲပြုံးပြတယ် ( မဖြေဘူး )
ချစ်တယ်လို့အမြဲပြောရင် ကောင်လေးရိုးသွားလိမ့်မယ်လို့သူတွေးတယ်
ကောင်လေးဘက်ကလည်း သူဘာလို့မဖြေသလဲကို နားမလည်နိုင်ခဲ့ဘူး
ဒီလိုနဲ့ သံသယတွေများလာတယ်
သူတို့လမ်းခွဲတဲ့အခါ ကောင်မလေးရင်ထဲမှာ စကားလုံးတွေကျန်ခဲ့တယ်
သူ အရမ်းချစ်ပါတယ်ဆိုတာကို ပြောခွင့်မရတော့ဘူး
၎ -
တခါက ကောင်လေးက ကောင်မလေးကို ပြောတယ်
ယောက်ျားဆယ်ယောက်မှာ ကိုးယောက်ကလိမ်နေတာမို့ ငါ့ကိုမယုံပါနဲ့တဲ့
ကောင်မလေးကပြန်ပြောတယ်
ကျန်တဲ့တစ်ယောက်က ကောင်လေးဖြစ်မယ်လို့ ယုံကြည်တယ် လို့ ပြန်ပြောရင်း
ပွေ့ဖက်လိုက်တယ်
၅ -
ကောင်မလေးက ကောင်လေးကို နံဖူးလေးပဲနမ်းဖို့ပြောတယ်
ကောင်လေးက နူတ်ခမ်းလေးနမ်းလိုတယ်
နှစ်ယောက်စလုံးမလျော့ခဲ့တော့
ဒီလိုနဲ့ သူတို့ပြတ်ဆဲသွားကြတယ်
ပြတ်ဆဲပြီးနောက်ပိုင်းမှာ ကောင်လေးလိုချင်လာတာ
နူတ်ခမ်းပေါ်က အနမ်းလေးလည်းမဟုတ်ဘူး
နံဖူးပေါ်က အနမ်းလေးလည်းမဟုတ်ဘူး
ကောင်မလေးအားငယ်တဲ့အခါ သူ့ပုခုံးလေးပေးမှီပေးခွင့်လေးပဲ . . . ။
၆ -
ဘာလို့ချစ်တာလဲလို့ ကောင်လေးကို ကောင်မလေးက အမြဲမေးတယ်
ကောင်လေးကစဉ်းစားပေမဲ့ အဖြေအတိအကျမထွက်လာဘူး
အမျိုးမျိုးဖြေတယ် ဒါပေမဲ့အတိအကျအပြည့်အစုံမဟုတ်ဘူး
မေးခံရတာများလာတော့ ကောင်လေးစိတ်ညစ်လာတယ်
လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တယ်
တကယ်တော့ သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတယ်
၇ -
ကောင်မလေးကပြောတယ် ငါ့ကိုချော့ပါတဲ့
ကောင်လေးကအမြဲချော့တယ်
အမြဲချော့တော့ အမြဲကောက်တယ်
တစ်နေ့ကောင်လေးအကြောင်းအမျိုးမျိုးကြောင့်စိတ်ညစ်နေတယ်
ကောင်မလေးက ထ'ကောက်တယ်
ကောင်လေးစိတ်ညစ်သွားတယ်
ဒီလိုနဲ့ စိတ်ပျက်သွားတယ်
အချစ်ဆိုတာ တစ်ဦးတည်းအတွက် ပေးဆပ်ဖို့မဟုတ်တာတော့ကျိန်းသေတယ်
၈ -
ကောင်မလေးက ရစ်တယ်
ရည်းစားဟောင်းနဲ့အကြောင်းအမြဲစွတ်စွဲတယ်
ကောင်လေးကရှင်းပြတယ်
အမှန်သိပေမဲ့ ရစ်ချင်တဲ့စိတ်လေးကြောင့် ထပ်ရစ်တယ်
သိက္ခာကိုစော်ကားနေသလိုဖြစ်တယ်ဆိုတာကို သူမတွေးမိဘူး
ဒီလိုနဲ့ သူတို့လမ်းခွဲပြတ်သွားကြတယ် ။
မချစ်ခဲ့လို့တော့ မဟုတ်ခဲ့ဘူး ။
၉ -
ကောင်လေးမှာ ကောင်မလေးမကြိုက်တဲ့အချက်တွေအများကြီးရှိတယ်
ကောင်မလေးမှာလည်း ကောင်လေးမကြိုက်တဲ့အချက်တွေအများကြီးပဲ
ကောင်လေးက သူ့ပုံစံအတိုင်းဖြစ်လာဖို့သိမ်းသွင်းတယ်
ကောင်မလေးကလည်း သူ့ပုံစံအတိုင်းဖြစ်လာဖို့သိမ်းသွင်းတယ်
ကိုယ်ဘက်ကလျော့ပေးပြီး ညှိနိုင်းဖို့မတွေးမိခဲ့ကြဘူး
ဒီလိုနဲ့ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြတယ်
သူတို့ကျ ချစ်သူထက် ကိုယ့်ကိုယ်ကိုယ်ပိုချစ်ခဲ့ကြတယ် ။
၁၀ -
ကောင်မလေးကလူရှင်းတဲ့နေရာမှာပဲ တွေ့ချင်တယ်
မိန်းကလေးသိက္ခာကြောင့်
ကောင်လေးက လူများတဲ့နေရာတွေသွားချင်တယ်
ဒါချစ်သူလို့ တစ်လောကလုံးကိုပြောပြချင်တဲ့စိတ်ကြောင့်
ကောင်လေးက ကောင်မလေးကို သူ့အတွက်နဲ့ တစ်လောကလုံးကို ရင်ဆိုင်ရဲတဲ့သတ္တိရှိစေချင်တယ်
ကောင်မလေးက ကောင်လေးကိုသူ့ကိုနားလည်မပေးနိုင်လို့ စိတ်ညစ်လာတယ်
ချစ်သူတွေမှာနားလည်မှုက အရေးကြီးပါတယ် ။
=====
နိဂုံး
ချစ်လျက်နဲ့ လမ်းခွဲကြတာ
တကယ်ဆိုးလွန်းတဲ့ ကိစ္စပါ
သူချစ် ၊ ကိုယ်ချစ်ဆိုတာ တစ်သက်လုံးမှာတစ်ခါလောက်ပဲပေါက်တဲ့ ကံစမ်းမဲမျိုးပါ
ဆုံးရှုံးပြီးမှ ချစ်တတ်လာလို့လည်းမထူးပါဘူး
အချစ်က နူးညံ့ပါတယ်
အနုပညာဆန်ပါတယ်
သိမ်မွေ့ပါတယ်
လှပပါတယ်
စိတ်ကူးနဲ့ဆွဲတဲ့ ပန်းချီတစ်ချပ်ဆိုပေမဲ့ ဆေးသားတွေကလှပတယ်
အတွေးနဲ့စိုက်တဲ့ ဥယျာဉ်ဆိုပေမဲ့ ရနံ့တွေကမွှေးပျံ့တယ်
ရမှတ်က ၁၀၀ ပေးထားတာပါ
အောင်ရုံလောက်လေးဆိုရင်တောင်မဆိုးပါဘူး
ကဗျာ ၊ အနုပညာနဲ့ အချစ်ဆိုတာ ရိုးသားဖို့လိုတယ် . . . ။
တွဲထားတဲ့ လက်တွေတန်ဖိုးသိပြီး
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိပါစေ . . . ။ ။

ရှုံးခဲ့ပြီ~~

ရှုံးခဲ့ပြီ~~~
လှည့်စားမှု့ မာယာကြွယ်
နတ်မိမယ်အပြုံး
သူယောင်မယ် နှလုံးသားနဲ့
မာယာကွန်ကယက်တွေကြား
ပြုစားမှု့ အခါခါရယ်မို့
နှလုံးသားလေး ရှုံးခဲ့ပြီလေ။ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*

ကဗျာ

ကဗျာ
သူ့ရဲ့နှုတ်ခမ်းဓားသွားတွေအောက်
ငါ့နှလုံးသားဟာ အစိတ်စိတ်အမွမွ
ကဗျာတစ်ပုဒ်ဟာ ဘယ်လောက်အရေးပါလဲတဲ့
ကဗျာတွေကိုလောင်းကြေးထပ်ရအောင်
ကဗျာဆိုတာ ဂိမ်းတစ်ခုမဟုတ်ဘူး သူငယ်ချင်း
ကဗျာဆိုတာငါ့နှလုံးသားရဲ့ခံစားမှု
ကဗျာဟာငါ့ဘဝရဲ့အရိပ်
ကဗျာတစ်ပုဒ်အပေါ် ရလိုမှုတွေနဲ့
ငါ ကဗျာတွေရေးနေတာမဟုတ်ဘူး
ကဗျာတစ်ပုဒ်အတွက် အိပ်ရေးပျက်ချင်ပျက်မယ်
အရူးတစ်ယောက်လိုရူးသွပ်ချင်ရူးသွပ်မယ်
အိပ်မက်တွေမက်ချင်မက်မယ်
ကဗျာတွေအပေါ်မလှည့်စားဘူး
မရိုးမသားမလုပ်ဖူးဘူး
ကဗျာတွေကိုငါချစ်တယ် မြတ်နိုးတယ်
ငါ့အနားမှာဘယ်သူမှမရှိရင်နေ
ဘယ်သူမှမရှိတော့ရင်တောင်
ကဗျာတွေနားမှာငါရှိတယ်
ငါ့အနားမှာကဗျာတွေရှိတယ် ။ ။
ဝေဝေ

အဝေးဆီ..အဝေးဆီ

အဝေးဆီ..အဝေးဆီ~~~
*အဝေးဆီ၊ အဝေးဆီ~~~
ငါ" ပျံသန်းဖို့ အတောင်ကိုဖြန့် လေနှင်ရာကိုပေါ့။ ။
*ချည်နှောင်ထားတဲ့ မြစ်တစ်စင်းရဲ့
သံယောဇဉ်ကြိုးကိုဖြတ်ခါပေါ့။
မေတ္တာတရားဆဲလည်းသံလည်း သာယာနေပါတယ်။ ။
အတွေး 'ကဗျာ' များလည်းချိုမြိန်လို့ တစ်ခါတစ်ခါတစ်စိမ်းတရံ ကြား အထီးကျန်သမားဘဝနဲ့ပေါ့။ ။
*ကျယ်ပြောမြင့်မားလှတဲ့ သြကာသလောကကြီးထဲ
ငါ"ဟာ ရာဇဘုရင်မတစ်ပါးမဟုတ်ပါဘူး................
"အညတရကဗျာသည်ပါ'
စာစီကာ၊ ကဗျာညီအောင်မရေးတတ်ပေ့မယ်
ငါ"ကဗျာတွေကိုသီကျူးဆဲပါ။ ။
*ဒါပေ့မယ်..................ငါ" ဝိညဉ်ကိုအသက်သွင်းဆဲပါ
မှော်ဆန်တဲ့ ပြတင်းတံခါးကို ငါဖွင့်ရင်းပေါ့။ ။
တစ်ခါ တစ်ခါတော့လည်း ငါ" စိတ်ဝိညဉ်လေးများ
ချုပ်ငြိမ်းသွား မလားလို့ စိုးထိတ်မိပြန်တယ်။ ။
ဒါပေ့မယ်..ငါ" အဝေးဆီကို..အဝေးဆီကို ခရီးနှင်ဆဲပါ........
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*