၂၄

3/6/15

အတိတ်

အတိတ်တွေထဲကို ပြန်ရှာဖွေမိတော့
တို့နှစ်ယောက်ရဲ့ ပက်သတ်မှုဆိုတာ
တကယ့်ကို ပါးပါးလေးရယ်ပါ
ငါ့အတွက် ဇာတ်ညွှန်းရေးပြီးခဲ့ပြီးသား
မဆုံနိုင်တဲ့ ဇာတ်လမ်းဆိုပေမယ့်
မင်းအတွက်ဆုံနိုင်တဲ့ ဇာတ်လမ်းဖြစ်ဖို့
ငါက.. ဇာတ်ညွှန်းရေးပေးရမယ်တဲ့လား
အိပ်မပျော်တဲ့ညတွေတိုင်း
မင်းကိုပြောဖို့ စဉ်းစားထားတဲ့
ဒိုင်ယာလော့တွေကို ရေးပေးခဲ့ပါတယ်
ဇာတ်လမ်းအဆုံးမှာ ပုခုံးချင်းဖက်လို့ ရယ်မောနေသူနှစ်ယောက်ကို ကြည့်ရင်း
ကွဲအက်နေတဲ့ နှလုံးသားကို ဖုံးဖိကာ
အပြုံးတွေဝေနေတဲ့ လူတစ်ယောက်နဲ့
ဇာတ်သိမ်းထားလိုက်တယ် ...
မင်းအဆင်ပြေဖို့က အဓိကပါ ။

မာယာတောကအချစ်ရူး

#* မာယာတောကအချစ်ရူး *#
***************************
အချစ်ဦးမို့ 
ရူးမတက်
အသက်ထက်တောင်
ချစ်တယ်းးးး

ချစ်လွန်းလို့  ကျီ စယ်
သူရယ်ပြုံးစေတော့
ဖုန်းမောင်ကျောမြှူးးးးးးးူး

ညူ စူသူ
တမင်ယူ
ချော်ကာတွေး
ပြစ်ဖြစ်ပေါ့ လေးးးးးးးး

အပြစ်ရှာ
အနာတွေ့
ချစ်မာယာ
သည်ဓလေ့ကို
မောင်လေ မသိပေမို့းးးးးး

အချစ်နယ်
မာယာတော့
ရူးလို့ရယ်မေားးးးးးး

သက်တန်ရောင်းးးးးးး

 

အချစ်စေတဲ့ ကျွန်


အချစ်စေတဲ့ ကျွန်

ပြုသူအသစ်
ဖြစ်သူကအဟောင်း
ကံကြမ္မာနဲ့ သံသရာကို
ရှောင်လွဲလို့မရသလိုပါပဲလေ။

ကံကြမ္မာစေစား
ကြောင်နဲ့ကြွက်
ကစားနေရသလို
အချစ်ကိုဆော့ကစား
လှည့်စားကာမူပိုထား
မာယာကြွယ်ကာ
လှည့်စားကာ
လာမကစားပါနဲ့လေ။ ။

သံသရာအလယ်မှာ
အဖန်အခါခါ
မသွားချင်သူအဖို့
ခံစားကာမနေလိုတော့ပါ။
နေလိုရာနေပါတော့
အချစ်က စေကျွန်ရယ်။ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*

ပုံပြောကောင်းတဲ့ ချစ်သူ သို့ 

ပုံပြောကောင်းတဲ့ ချစ်သူ သို့ 

တို့ တွေ ဝေးကွာ နေလည်းဘဲ
ယုံကြည်မှု တွေ နဲ့  ကုစား
အကြင်နာ တွေနဲ့  ဖေးမ
တွဲ လက်တွေ မဖြုတ်တမ်းနော်
ခိုင်မြဲမြဲ ခိုင်မြဲ ဘို့ 
အချစ် သီချင်းလေးတွေ နဲ့ 
သံစဉ်များ ကို ဖန်တီး
ရင်ခုန် သံတွေ က တိုးတိုးတိတ်
ကြင်နာသူရေ
အရာ အားလုံးအတွက် စိတ်ချပါရ စေနော်


 

၇င်မှာ

***၇င်မှာ***
အချစ်လျော့သွားမှာလည်း မစိုး၇မ်နဲ့
ထားသွားမှာလည်းစိတ်မပူနဲ့
ဘယ်အ၇ာနဲ့မှမတူတဲ့
ငါ့ချစ်ခြင်း၇ဲ့ပိုင်၇ှင်က
ခုချိန်မှာနင်ဖြစ်နေပြိ
စိတ်ချနင်ကလွဲပြိးငါ့ဘ၀မှာ
ဘယ်သူမှ အစားမ၀င်စေ၇ဘူးးးး
ကျိန်တွယ်ကာပြော
မောတာဘဲ သစ်စာမဲ့တဲ့နင်က
အသစ်၇ှာသွားတယ်......
ငါ့မစ်တာတ၇ားနဲ့ မထိုက်တန်တဲ့လူုကို
အသနားခံပြိးလွမ်းနေမဲ့ထဲမှာ
င့ါမပါဘူးးးးးးးးးးးးးးးးးးးး
ချစ်သင့်သလောက်ချစ်ခဲ့ပြိးပြိ
ခုမုန်းသင့်သလောက်မုန်းလိုက်ပြိ
ငါ့၇င်မှာ အချစ်၇ှိတယ်
အမုန်း၇ှိတယ်...................
.
.
***ဥသြလေး၇ဲ့စိုင်း၇င်ခွင်***


 

ဟိုးးးးးးအရင်ကပေါ့

ဟိုးးးးးးအရင်ကပေါ့ ……
မောင် ကျွန်မအနီးတစ်ဝှိုက်ကိုရောက်လာခဲ့ရင်
မောင့် အငွေ့အသက်ကို ခံစားမိပြီး
မောင်ရှိမလားလို့ ကျွန်မလိုက်ရှာမိတယ်
တကယ်လဲ မောင် ကျွန်မအနီးမှာရောက်နေတယ်
မောင် နဲ့ ကျွန်မ အဲ့လောက်ထိ
စိတ်ချင်းဆက်သွယ်ခဲ့ဖူးပါတယ
အခုတော့ ……
မောင် ကျွန်မရှေ့ရပ်နေရင်တောင်
ကျွန်မ မောင့်ရှေ့ကလှည့်ထွက်သွားမိမှာပဲ
မောင့်ကို သူစိမ်းတစ်ယောက်အနေနဲ့တောင်
မျက်လုံးချင်းဆုံပြီး မပြုံးပြချင်တော့ဘူး မောင်

မိန်းမသားအများစုက ဘဝပေးအခြေအနေအရ
စောင့်ဆိုင်းခြင်းနဲ့ရှင်သန်ရတယ်တဲ့
မိန်းမသားတွေထဲမှာတော့
ကျွန်မအစောင့်ရဆုံးပါပဲ မောင်
အရင်က ……
မောင့်ဆီက အချစ်တွေ…နားလည်မူတွေရဖို့
ကျွန်မစောင့်ခဲ့ရတယ်
အခုလဲ ……
ကျွန်မရင်ထဲက နာကျင်မှုတွေသက်သာဖို့အတွက်
ကျွန်မစောင့်ရအုန်းမယ် မောင်
# ဆောင်းနှင်းဝေ #



ပန်းပျိုးသူ

´´ပန်းပျိုးသူ``

ငါတို့စိုက်ပျိုး
ပန်းသုံးမျိုးကို
မညိုးနွမ်းအောင်
ကြည့်ရှုဆောင်၍
ပျိုးထောင်ပြုစု
ထွေးပွေ့ယုကာ
နှိုင်းတုကင်းရာ လန်းစေမည်#

နှစ်ပွင့်သောပန်း
ရောင်သွေးဆန်းစွာ
ပွင့်လန်းကာဝေ
တင့်တယ်ပေတာ
မြင်နေရတော့
ဦးခေါင်းမော့ကာ
ရင်ကော့လျှောက်လှမ်း ဥယျာဉ်လမ်း#

ပျိုးစပန်းလေး
နှောင်ရှေ့ရေးကို
စိတ်အေးရအောင်
လေးထားဆောင်ရွက်
ပျိုးထောင်ရမှာ
ငါ့ဝန်တာမို့
တိုးကာကြိုးပမ်း မမောတမ်း#

မြင့်မြတ်သူ(ကျောက်ပန်းတောင်း)

ဦးလေးရဲ့သားသမီးသုံးယောက်ပေါ် ထားရှိတဲ့ မေတ္တာကို ကဗျာဖြစ် ရေးဖွဲ့ထားသည်မို့ ဆရာ ဆရာမတို့ရေ ဝေဖန်သင်ပြပေးပါဦးနော်


 

နှင်းဆီ


နှင်းဆီမှာ ဆူးရှိသလို
ကျွန်မမှာလဲ မာနရှိတယ် ကို …
နှင်းဆီရဲ့ဆူးမှာ အဆိပ်ရှိသလို
ကျွန်မရဲ့မာနမှာလဲ အဆိပ်ရှိတယ် ကို …
ကျွန်မကို နာကျင်အောင်လုပ်ပြီး
အဆိပ်မသင့်ပါစေနဲ့
# ဆောင်းနှင်းဝေ #


 

မွန်းတည့်ချိန်မှ

"မွန်းတည့်ချိန်မှ
နေဝင်သော"
* မွန်းတည့်ချိန်မှ နေဝင်သော်လည်း
မရေမရာ အတွေးများခြာလည်
လူးလားဆံခတ် ဘဝင်လှိုက်ဆူ
သည်းနုညှာမှာ ပြင်းပြင်းရှိုက်မိ
ပူလောင်ခြင်း အတိပါလား။ ။
* ရေချိုရှားသည့် ဘဝပင်လယ်
လောကလှိုင်းထန် သောကဟန်မေ့
နေဝင်၊ လထွက်
စက္ကန်လှုပ်ရှား
နုံချာဘဝနှင့် မသေဆုံးခင်
နှလုံးတစ်ခု မြေ့သို့မခအောင်
စက္ခု သတိ
ဝိရီယ နား
ကျောက်သား အာရုံတည်၍
ဘဝရဲ့ ကမ်းစပ်သောင်မှာ
နေ့သစ်အတွက် ကမ်းကြိုလင့်နေ။ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*
9း02 pm
6.3.2015(သောကြာနေ့)