မောင် ကျွန်မအနီးတစ်ဝှိုက်ကိုရောက်
မောင့် အငွေ့အသက်ကို ခံစားမိပြီး
မောင်ရှိမလားလို့ ကျွန်မလိုက်ရှာမိတယ်
တကယ်လဲ မောင် ကျွန်မအနီးမှာရောက်နေတယ်
မောင် နဲ့ ကျွန်မ အဲ့လောက်ထိ
စိတ်ချင်းဆက်သွယ်ခဲ့ဖူးပါတယ
အခုတော့ ……
မောင် ကျွန်မရှေ့ရပ်နေရင်တောင်
ကျွန်မ မောင့်ရှေ့ကလှည့်ထွက်သွားမိ
မောင့်ကို သူစိမ်းတစ်ယောက်အနေနဲ့တောင်
မျက်လုံးချင်းဆုံပြီး မပြုံးပြချင်တော့ဘူး မောင်
မိန်းမသားအများစုက ဘဝပေးအခြေအနေအရ
စောင့်ဆိုင်းခြင်းနဲ့ရှင်သန
မိန်းမသားတွေထဲမှာတော့
ကျွန်မအစောင့်ရဆုံးပါပဲ မောင်
အရင်က ……
မောင့်ဆီက အချစ်တွေ…နားလည်မူတွေရဖို့
ကျွန်မစောင့်ခဲ့ရတယ်
အခုလဲ ……
ကျွန်မရင်ထဲက နာကျင်မှုတွေသက်သာဖို့အတွက်
ကျွန်မစောင့်ရအုန်းမယ် မောင်
# ဆောင်းနှင်းဝေ #

No comments:
Post a Comment