၂၄

3/6/15

ပန်းပျိုးသူ

´´ပန်းပျိုးသူ``

ငါတို့စိုက်ပျိုး
ပန်းသုံးမျိုးကို
မညိုးနွမ်းအောင်
ကြည့်ရှုဆောင်၍
ပျိုးထောင်ပြုစု
ထွေးပွေ့ယုကာ
နှိုင်းတုကင်းရာ လန်းစေမည်#

နှစ်ပွင့်သောပန်း
ရောင်သွေးဆန်းစွာ
ပွင့်လန်းကာဝေ
တင့်တယ်ပေတာ
မြင်နေရတော့
ဦးခေါင်းမော့ကာ
ရင်ကော့လျှောက်လှမ်း ဥယျာဉ်လမ်း#

ပျိုးစပန်းလေး
နှောင်ရှေ့ရေးကို
စိတ်အေးရအောင်
လေးထားဆောင်ရွက်
ပျိုးထောင်ရမှာ
ငါ့ဝန်တာမို့
တိုးကာကြိုးပမ်း မမောတမ်း#

မြင့်မြတ်သူ(ကျောက်ပန်းတောင်း)

ဦးလေးရဲ့သားသမီးသုံးယောက်ပေါ် ထားရှိတဲ့ မေတ္တာကို ကဗျာဖြစ် ရေးဖွဲ့ထားသည်မို့ ဆရာ ဆရာမတို့ရေ ဝေဖန်သင်ပြပေးပါဦးနော်


 

No comments: