၂၄

2/18/15

လွမ်း



လွမ်း
♡ ♡ ♡

မခံစားနိင်တော့ဘူး
နင့်ဥပေက္ခာတွေ
မလှည့်စားပါနဲ့ငါ့ရဲ့အချစ်ကို
ဒီဇင်ဘာလို.....
ငါပျော်နေတတ်ပေမယ့်
နွေရာသီလိုအထီးကျန်နေတာ
နင်မှမသိတာ.......။

ငါလည်းလူသားတစ်ယောက်ပါ
ချစ်တတ်တဲ့နှလုံးသားနဲ့
ခံစားတတ်လိုကျလာတဲ့မျက်ရည်တွေ
ငါလည်းရှိပါတယ်........
အသည်းမကွဲတတ်ဘူးလို့မထင်ပါနဲ့
ငါ့...
အခုချိန်မျက်ရည်ကျနေတာ
နင်မှမသိတာ...............

သိအောင်လည်း..
ဖွင့်ဟဝန်ခံစရာမလိုတော့ပါဘူ
မျိုသိပ်ခံစားနေလိုက်ပါ့မယ်..
အချစ်ဆိုတာ...
နူးညံ့သလား....
ခါးလား....ဆိုတာ
နင်နဲ့ပတ်သတ်မှသိလာရတဲ့
ဝေါဟာရလေးတွေပါ......

အခုနင်ပျော်နေပေမယ့်
ငါဝမ်းနည်းရပေမယ့်လည်း
ငါကျေနပ်ပါတယ်
ဆူး
 

လှည့်စားခြင်းးးးးး

လှည့်စားခြင်းးးးးး
တိမ်တွေက လ၇ဲ့အောက်
အဝေးကြီးမှာ
လူတွေက တိမ်တွေ၇ဲ့အောက်
အဝေးကြီးမှာ..............
လူတွေ၇ဲ့ အမြင်မှာ
လဟာ တိမ်တွေ၇ဲ့အမြိုအ၀ါး
ခံ၇၇ှာတကာားလို့
အမြင်မှားးးးးး
လမလှည့်စား တိမ်လှည့်စားး
လှည့်စားခံ၇ အောက်ဆုံးကလူသားများးးးးးး
ညွန့်အေး(အင်းဝ)



ချစ်ရင် ထူး

အနှိုင်းမဲ့ ရောဂါ

အနှိုင်းမဲ့ ရောဂါ =========== လောကမှာ ရှိရှိသမျှ ရောဂါအားလုံးထဲမှာ“ဆာလောင်မွတ်သ...
စာအုပ်စာပေလူ့မိတ်ဆွေ's Facebook Wall / စာအုပ်စာပေလူ့မိတ်ဆွေ / 16 days ago
အနှိုင်းမဲ့ ရောဂါ
===========
လောကမှာ ရှိရှိသမျှ ရောဂါအားလုံးထဲမှာ“ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊
သို့မဟုတ် ဆာနာရောဂါ” ဟာ အနှိုင်းမဲ့ရောဂါဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့
ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊ ဆာနာရောဂါထက်ပိုပြီး ကိုယ်စိတ်နှစ်ပါးကို နာကျင်စေပါတယ်၊
နှိပ်စက်ပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ထပ်တူပြုစရာ တခြားရောဂါ မရှိတော့လို့ပါပဲ။
ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊ဆာနာရောဂါနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့
တခြားရောဂါ လောကမှာ မရှိတော့တဲ့အတွက်ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊ ဆာနာရောဂါဟာ
“အနှိုင်းမဲ့ရောဂါ” ဖြစ်ရပါတယ်။
ကိုယ်စိတ်နှစ်ပါးကို နာကျင်စေတတ်တဲ့အရာ၊ကိုယ်စိတ်နှစ်ပါးကို နှိပ်စက်တတ်တဲ့အရာကို “ရောဂါ”လို့
ခေါ်ပါတယ်။ ကိုယ်မှာပဲဖြစ်ဖြစ်၊ စိတ်မှာပဲဖြစ်ဖြစ်ရောဂါတစ်ခုခု ဖြစ်လာပြီဆိုရင် အဲဒီရောဂါက
ကိုယ်ကိုပဲဖြစ်ဖြစ်၊ စိတ်ကိုပဲဖြစ်ဖြစ်၊ကိုယ်စိတ်နှစ်ပါးလုံးကိုပဲဖြစ်ဖြစ် နာကျင်စေပါတယ်၊
နာကျင်အောင်နှိပ်စက်တတ်ပါတယ်။
ကိုယ်မှာဖြစ်တဲ့ ရောဂါမှန်ရင် ဘာရောဂါပဲဖြစ်ဖြစ်အနည်းဆုံး ကိုယ်ကို နာကျင်အောင် နှိပ်စက်မှာပါ။
စိတ်မှာဖြစ်တဲ့ရောဂါမှန်ရင်လည်း ဘာရောဂါပဲဖြစ်ဖြစ်အနည်းဆုံး စိတ်ကိုနာကျင်အောင် နှိပ်စက်မှာပါ။
အနည်းဆုံးဆိုတဲ့စကား ဘာလို့ ထည့်ပြောရသလဲဆိုတော့လူသားအများစုက ကိုယ်မှာ ရောဂါဖြစ်ပေမယ့်
ကိုယ်သာ နာတာ မဟုတ်ဘဲ စိတ်ပါ နာတတ်လို့ပါ။စိတ်မှာ ရောဂါဖြစ်ပေမယ့် စိတ်သာနာတာ
မဟုတ်ဘဲ ကိုယ်ပါ နာတတ်လို့ပါ။
ကိုယ်မှာရောဂါဖြစ်လည်း ကိုယ်ရောစိတ်ပါနာတတ်တာ၊ စိတ်မှာရောဂါဖြစ်လည်း စိတ်ရောကိုယ်ပါ
နာတတ်တာဟာ ပုထုဇဉ် လူသားအများစုရဲ့မူသေသဘာဝကြီးတစ်ခုလို ဖြစ်နေလို့ ကိုယ်မှာ
ရောဂါဖြစ်ရင် အနည်းဆုံး ကိုယ်ကို နာကျင်အောင်နှိပ်စက်တယ်၊ စိတ်မှာရောဂါဖြစ်ရင် အနည်းဆုံး
စိတ်ကို နာကျင်အောင် နှပ်စက်တယ်လို့ပြောရခြင်းဖြစ်ပါတယ်။ ကိုယ်မှာ ရောဂါဖြစ်ရင်
ကိုယ်ပဲ နာပြီး စိတ်မနာတတ်တဲ့ ပုဂ္ဂိုလ်တွေရှိနေသေးလို့လည်း “အနည်းဆုံး”ဆိုတဲ့
စကားကို ထည့်ပြောရခြင်း ဖြစ်ပါတယ်။
ကိုယ်မှာ ရောဂါဖြစ်ရင် ကိုယ်သာနာပြီး၊စိတ်မနာတတ်တဲ့ ပုဂ္ဂိုလ်တွေကတော့
တရားသိတဲ့သူ၊ တရားရှိတဲ့သူတွေပါပဲ။သတိအင်အားကြီးမားတဲ့သူ၊ သတိအင်အားကြီးမားသလောက်
အနတ္တအသိဉာဏ် ရင့်သန်နေတဲ့သူဟာကိုယ်မှာဖြစ်တဲ့ရောဂါ ဘယ်လောက်ပဲ
ပြင်းထန်ပြင်းထန် ကိုယ်သာ နာချင်နာမယ်၊စိတ်ကတော့ လုံးဝမနာတော့ပါဘူး။
ဘာရောဂါပဲဖြစ်ဖြစ် ကိုယ်သာနာပြီးစိတ်လုံးဝမနာတော့တဲ့ပုဂ္ဂိုလ်တွေ၊ စိတ်လုံးဝမနာဖို့
အသေချာဆုံးပုဂ္ဂိုလ်တွေကတော့ ကိလေသာအားလုံးပယ်သတ်ပြီးသွားတဲ့ “ရဟန္တာပုဂ္ဂိုလ်တွေ” ပါပဲ။
ရဟန္တာပုဂ္ဂိုလ်မှ တစ်ပါးသောပုဂ္ဂိုလ်တွေကတော့အကြောင်းညီညွှတ်တဲ့အခါ စိတ်မနာပေမယ့်
အကြောင်းမညီညွှတ်တဲ့အခါ စိတ်နာနိုင်ပါသေးတယ်။ဘာလို့လဲဆိုတော့ ကိလေသာအားလုံးကို အမြစ်ပြတ်
မပယ်သတ်ရသေးလို့ပါပဲ။

ကွဲခဲ့လေပြီ´


``ကွဲခဲ့လေပြီ´´
**စိမ်းရက်သူ စိမ်းရက်လေလား
စွဲထင်ခဲ့ ငါ့ရင်ခွင်မှာ
အတိတ်ရဲ့ ပုံရိပ်ရယ်က
စွဲလမ်းကြီးသူ ငါ့အား
အိမ်မက်ထိတိုင် နှိပ်စက်လေပေါ့
အလွမ်းရစ်ခွေ ဆွေးလျက်ရယ်နဲ့
ငှက်မောင်နှံ မြူးတူးဟန်ကို
မြင်ယောင်ကာ ငေးကြည့်မိရင်း
ဆုတောင်းဟန်က ဘဝမုန်တိုင်း
ခွဲရက်လေတော့ ကွဲခဲ့ရ
ကွဲခဲ့လေသော် ရှင်ကွဲထပ်
သေကွဲကိုသာ တိုးတိတ်စွာ
ရေရွတ်မိခဲ့လေပြီ **..........
 

နွေရခွင်က ပင်အိုအလွမ်း

နွေရခွင်က ပင်အိုအလွမ်း
ပင်အိုရွက်ခြောက်
နွေရောက်ခဲ့ပြီ
လွမ်းငှက်ဥဩ
တေးသီဖွဲ့ရင်း
သီဆိုကြူးတဲ့
လွမ်းရဲ့ကဗျာ...##
ကြင်သူအဝေး
မျှော်ရည်မှန်းဆ
ပင်မြင့်ထက်မှာ
လွမ်းတေးတစ်ပုဒ်
သီဆိုကြူးတဲ့
လွမ်းငှက်လေးရယ်.. ..##
နာကျင်ခြင်းနဲ့
ဝမ်းနည်းမူ့တွေ
ရင်မှာပိုက်ထွေး
ဆွေးခဲ့ရပေါ့
ခါနွေဦးရေ.. ..##
မင်းရဲ့ချစ်က
နွေရင်ခွင်လို
ပူလောင်ခြင်းတွေ
ပေးခဲ့တာလား
အေးမြချင်းနဲ့
ချစ်သူ့ရင်ခွင်
နာခိုချင်လည်း
ကျင်သူအဝေး
ကျောခိုင်းခဲ့သူ
မောင့်သက်ထားရေ.. ..##
ရွက်ဟောင်းဝေချိန်
ပင်အိုနံဘေး
ထားခဲ့ချစ်သူ
မျှော်ကာငေးမိ
လွမ်းမိပါသည်.. ××××××####



 
 
 

****……………………****

****……………………****

မျက်ဝန်းနှစ်ခုဆုံစည်းကြတဲ့အခါ
ရင်ခုန်သံတွေစကားပြောကြတယ်
နင်နဲ့တွေ့တဲ့အချိန်တိုင်း
ငါ့ရင်ဘက်ထဲနှလုံးခုန်သံတွေဆူညံလို့
ကုန်လွန်သွားတဲ့စက္ကန့်လေးတေ
နှမျောတသလွမ်းမိတယ်
နှစ်ဦးသားဆုံတွေ့ကြတဲ့အခါ
နာကျင်စရာတွေမေ့ထားကြမယ်
ပင်လယ်ပြာကြီးရဲ့ဟိုးအဝေးဆုံးထိ
စိတ်တွေရွက်လွှင့်ကြမယ်
တို့နှစ်ယောက်လက်ကိုမြဲမြဲတွဲလို့ပေါ့
အတားအဆီးတွေကိုရင်ဆိုင်
အခက်အခဲတွေကိုကျောခိုင်းလို
အပြန်အလှန်နားလည်မှုတွေနဲ့
ခိုင်မြဲတဲ့တို့အချစ်ကိုသက်သေထူကြမယ်
မဟောင်းနိုင်တဲ့အချစ်တွေနဲ့
နာကျင်ခြင်းဒဏ်ရာတွေ
တို့နှစ်ဦးရဲ့ကြားထာဝရဝေးကွာနေစေရမယ်
နင်ယုံကြည်ထားပေးနော်။ ။
ဝေဝေ







ပြန်လာလမ်း....

ပြန်လာလမ်း....
*သခင်ကိုယုံ၊ သစ္စာဘုံ၌
နင်းလျှောက်မျက်ကန်း
တေးသီတဲ့ငှက်၊ အိမ်မက်ချိုမြ
လှပပန်းရနံ့ ထုံသင်းမြအောင်
ခိုလှုံ့ရုန်းကန်၊ လေလှိုင်းထန်လည်း
ငါ' ပြန်ခဲ့သည်၊ ဒါဏ်ချက်အသည်း
သွေးမစဲလဲ၊ အညတရကဗျာသည်က
ကဗျာရေးဖွဲ့ သီကြူးနေပါမည်။ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*









အမှတ်တရ

ကိုယ်တိုင်ရေးတဲ့ ကဗျာလေးပါ
__________________________
အမှတ်တရ လေးတွေကို
တန်ဖိုးထားတက်သူ
ကိုယ့်အတွက်ကတော့
ပျော်ရွှင်ယစ်မူး စရာ
နေ့ရက်တွေကို
ခဏတာ ဖြတ်သန်းသွားခွင့်ရပေမဲ့
တစ်ဘ၀စာ
လွှမ်းဆွတ် တမ်းတ
သတိရ လျှက်ပါ ချစ်သူ


Ye Lay 
ကဗျာလေးရဲ့ကောင်းကင်

.......သဘောပါ


.......သဘောပါ

ချစ်သူ....
နင့်ကိုလွမ်းတယ်
ထားမသွားပါနဲ့လို့ပြောတဲ့နင်က
နောက်ဆုံးတော့လည်း
ရက်စက်သွားပြန်ပြီပေါ့

ရပါတယ်.....
နင်တောင်မခံစားတာငါ့အတွက်
ငါငိုချင်ပေမယ့်ဖြေသိမ့်လိုက်ပါ့မယ်ဟာ

အခုချိန်.....
နင့်ကိုလွမ်းတဲ့အလွမ်းတွေငါကို
သတ်နေပြီ......
ငါနေတတ်အောင်ကြိုးစားမှာပါ
အချိန်တွေကဘဲကုစားသွားမှာပါ
အသစ်ကနင်ကို..
ပျော်စေတယ်ဆိုလည်း
နေခဲ့လိုက်ပါ...

ါနင့်ရင်ခွင်နဲ့ဝေးရာမှာ
ငါအဆင်ပြေပါတယ်
ဒါပေမယ့်
နင့်ကိုလွမ်းမိနေတုန်းဘဲ..

 ဆူး
 
 

ဝေဝေ


ကျွန်မကစိတ်ဓာတ်တွေမှိုမတတ်အောင်ကြိုးစား
သူတို့ကမှိုတက်နေမှုကိုသဘောကျ
ကျွန်မကစကြာဝဠာကြီးမပိုင်ပေမယ့်
စကြာဝဠာကြီးအကြောင်းရိုးတိုးရိတ်တိတ်
သူတို့ကစကြာဝဠာကြီးပိုင်ပြီ
နကန်းတလုံးမသိ
သူတို့ဖိနပ်နဲ့ကျွန်မနေ့ခလာလာတိုင်း
ကျွန်မအသိနဲ့သူတို့ခြံကျယ်ကြီးကိုသွားသွားတိုင်း
ကမ္ဘာကြီးရင်ဝယ်ပိုက်ပြီး
တန်ဖိုးကြီးတာတွေထွေးပိုက်ထားသူတွေပျော်သလို
ကျွန်မအိပ်ယာထက်က
သက်ငယ်မိုးအဆွေးလေးကိုကြည့်ပြီး
ကျွန်မပျော်ပါတယ်
ဘဝဆိုတာနေတက်ရင်ကျေနပ်စရာပါပဲလေ
ဝေဝေ
 
 
 



ငယ်ချစ်ဦး

ငယ်ချစ်ဦး
ချစ်ဦးသူနဲ့
ဝေးနေခဲ့
ငါ့ရဲ့အချစ်များ......။
မေ့မရပါ
ရင်ခွင်မှာ
လွမ်းကာနေရတာ.. .။
ရင်ခွင်တစ်ခု
အလွမ်းစု
တယုတယသိမ်းခဲ့သည်.. .။
ကြည်နူးခဲ့ဖူး
အချစ်ဦး
အရူးအမူးချစ်ခဲ့ဖူး.. ..။
နုတ်ဆက်လက်ကာ
သူ့ချစ်ဟာ
ရင်သာကွဲခဲ့တာ.. ..။
ထားခဲကတိ
ရင်မှာရှိ
သူသိပေမဲ့ဖြတ်ခဲ့တာ..။
မမေ့သစ္စာ
ငါ့ရင်မှာ
သူသာမြတ်နိုးရာ.. ..။
ကျောခိုင်းသွားလဲ
ချစ်နေဆဲ
ချစ်မြဲချစ်လျက်ပဲ.. .။
ပြန်လာခဲ့ပါ
မျှော်နေတာ
ငါဟာလွမ်းလို့ပါ.. ။
ငယ်ချစ်ဦးမို့
ချစ်နေလို့
မေ့ဖို့ခက်နေတာ...။
ရင်ခွင်အသစ်
နင့်အချစ်
ပျော်ရစ်နေပြီလား.. .။
မပျော်အခါ
ငါ့ရင်သာ
ပြန်ကာလာခဲ့ပါ.....××××××


 


ဘဝကကြမ်းတော့လက်ထဲမှာ


ဘဝကကြမ်းတော့လက်ထဲမှာ
ပိုက်ဆံတစ်ပြားမှာမရှိတဲ့အခ
လောကကြီးကသင့်ကိုလူတွေအ
ကြောင်း သင့်ပေးသွားပါလိမ်းမယ်
သင့်ဆုံးရုံးမှုတွေန့ဲရင်ဆိုင်ရပြီး
ဆင်ရဲမွဲတေနေတဲ့အခိုက်မှာ
စစ်မှန်ပါတယ်
ဆိုတဲ့မိတ်ဆွေတွေဆိုတာ
ခက်မင်လှပါတယ်
ဆိုတဲ့မိတ်ဆွေတွေဆိုတာ
စာနာပါတယ်
ဆိုတဲ့မိတ်ဆွေတွေဆိုတာ
ဘယ်လိုမျိုးလဲ သင့်ကိုသင်ကြာပေး
ပါလိမ်းမယ် အဆင်ပြေနေတဲ့အချိန်
လက်ခုပ်ဝိုင်းတီးပေးတဲ့မိတ်ဆွေထက်
အဆင်မပြေတဲ့အခါနှစ်သိမ့်စကာ
တစ်ခွန်းပြောပေးတဲ့မိတ်ဆွေက
ပိုတန်းဖိုးရှိပါတယ်ဗျာ
 
 

အမေကအိုနေပြီ အမေ့မေတ္တာကမအိုပါ


ဘယ်သူရေးထားတာလဲတော့ဝေမသိပါဘူး
ဝေအရမ်းကြိုက်လို့ကူးထားတဲ့စာလေးတွေပါ

****အမေကအိုနေပြီ အမေ့မေတ္တာကမအိုပါ****

မေတ္တာနှလုံး အအေးဆုံးမို့

အပြုံးလေးနဲ့ လက်ခံခဲ၏။

မေ့ရဲ့ပြုံးမှာ မေ့မေတ္တာက

အိုစာမပါ ပျိုနေပါ၍

မေ့မှာဆင်မြန်း မေတ္တာပန်းက

လန်းဆန်းပျိုပုံ မအိုဂုဏ်ကြောင့်

ယုံယုံကြည်ကြည် ကမ္ဘာတည်အောင်

မှီခိုရမှာ မေ့မေတ္တာကို

နားလည်စာနာ စိတ်ရှည်ပါ။ ။
 
 

ကြိုဆိုပါသည် ကော့သောင်းမြို့


ကြိုဆိုပါသည် ကော့သောင်းမြို့

*အလင်းပျပျ နေအောက်
လျှောက်ခါမနှေး ထောက်ညှာတွေးရင်ဖြင့်
တောင်တန်းသွယ်သွယ်
တောင်မြောက်ရယ်ငေးမောမိပေါ့။ ။

*မြစ်အသွယ်သွယ် ခွေကာပတ်စီးပါလို့
ရေပတ်လည်ဝန်းရံကာလေ
ကိန္နီမလေးကနေဟန်ဖြင့် သာယာလှတဲ့
ကုန်းမြေစွန်းကို ကော့သောင်းငူရယ်လိုခေါ်တွင်ပြန်သပေါ့။ ။

*မိုးကုတ်စက်ဝိုင်း မျက်ဝန်းတစ်ကြည့်မှာ
သာယာကြူနူးမိတာ အခါခါရယ်မို့
လေပြည်တစ်ရှိုက် ပင့်ရှုလိုက်တိုင်း
ချစ်ပြည့်စွာနှလုံးသားမှာက အားခွန်ပြည့်ဖြိုး။ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*
2း00 pm
18.2.2015 (ဗုဒ္ဓဟူးနေ့)