၂၄

2/18/15

ငယ်ချစ်ဦး

ငယ်ချစ်ဦး
ချစ်ဦးသူနဲ့
ဝေးနေခဲ့
ငါ့ရဲ့အချစ်များ......။
မေ့မရပါ
ရင်ခွင်မှာ
လွမ်းကာနေရတာ.. .။
ရင်ခွင်တစ်ခု
အလွမ်းစု
တယုတယသိမ်းခဲ့သည်.. .။
ကြည်နူးခဲ့ဖူး
အချစ်ဦး
အရူးအမူးချစ်ခဲ့ဖူး.. ..။
နုတ်ဆက်လက်ကာ
သူ့ချစ်ဟာ
ရင်သာကွဲခဲ့တာ.. ..။
ထားခဲကတိ
ရင်မှာရှိ
သူသိပေမဲ့ဖြတ်ခဲ့တာ..။
မမေ့သစ္စာ
ငါ့ရင်မှာ
သူသာမြတ်နိုးရာ.. ..။
ကျောခိုင်းသွားလဲ
ချစ်နေဆဲ
ချစ်မြဲချစ်လျက်ပဲ.. .။
ပြန်လာခဲ့ပါ
မျှော်နေတာ
ငါဟာလွမ်းလို့ပါ.. ။
ငယ်ချစ်ဦးမို့
ချစ်နေလို့
မေ့ဖို့ခက်နေတာ...။
ရင်ခွင်အသစ်
နင့်အချစ်
ပျော်ရစ်နေပြီလား.. .။
မပျော်အခါ
ငါ့ရင်သာ
ပြန်ကာလာခဲ့ပါ.....××××××


 


No comments: