၂၄

3/3/15

မရဲ့ အကွယ်က

မင်း အလင်္ကာ
ကောင်းကင်ကကြယ်တစ်ပွင့်
ပန်းကလေး ဖြစ်ရင်
ကြယ်ပန်းကလေး စွတ်ခူး
မကို ပေးပန်ဖူးချင်တယ်
မ ပိုလှလာမယ် ဆိုရင်ပေါ့။ ။

မရယ်
မက သိပ်လှတဲ့ ငှက်ကလေးဆို
ကျွန်တော်က မ ခိုနားမဲ့ သစ်ပင်အဖြစ်
ဆုတောင်ခဲ့ဖူးသူပါ
ငှက်ကလေး ပျံသွားလို့
တစ်စက်စက်ခုန်ရင်း
ကျန်ခဲ့တဲ့ သစ်ကိုင်းက
ကျွန်တော့် နှလုံးသားပေါ့။ ။
မရယ်
ဘဝကြမ်းတဲ့ မအတွက်
ချစ်တယ် ဆိုတဲ့စကားထက်
မ ရယ်မဲ့ ပျက်လုံးတွေပဲ
အရေးကြီးခဲ့တာ ကျွန်တော်မှားလား
မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေကြား
စည်းတွေခြားခြား သွားတယ်နော်။ ။
တစ်ကယ်ပါမရယ်
မကို တန်ဖိုးအရှိဆုံး
အရာတွေထက် မြတ်နိုးမိတော့
ခါးသက်တဲ့ခံစား ချက်တွေအဆုံးမရှိပေါ့
မ သာပျော်နေမယ်ဆို
နှလုံးသားရဲ့ ဒဏ်ရာကိုဖုံး
ဟန်ဆောင်ပြုံးလို့
တစ်သက်လုံး အကွယ်ကပဲ
ဆက်ချစ်သွားပါ့မယ်
မရယ်။ ။
လွင့်(ရိပ်)
ကျေးဇူးပြု၍ ဝေဖန်ပေးကြပါ လို့

မိကြည်

မိကြည်
အတိတ်ဆိုတာ
မမေ့နိုင်သူရဲ့ရင်ထဲမှာတော့
မနေ့ကလိုပဲ ထင်မိတယ်
မိကြည် ...
မင်းကိုစတွေ့တုန်းက
မင်းပုံရိပ်က ကဗျာမဆန်ခဲ့ပါဘူး
နှုတ်သီးစူထားတဲ့ ဆံပင်ဂုတ်ဝဲလေးနဲ့
ကောင်မလေးတစ်ယောက်ပေါ့
ဆွဲဆောင်မှုမရှိတဲ့ အလှဆိုပေမယ့်လည်း
ငါရင်ထဲမှာတော့ စွဲမိသွားတယ်
မိကြည် ...
မင်းဆံပင်တွေကို ကုပ်ထားတဲ့
အသည်းပုံဆံညှပ်လေးက
မိုက်ရူးရဲတိုးဖို့ စဉ်းထားထားတဲ့
ငါ့စိတ်ကို ဆွဲဆန့်ကာ
မိကြည် ...
မင်းအလှထဲမှာ
နစ်မျောနေစေခဲ့တယ်
အဲဒီဆံညှပ်လေးနဲ့
ဘယ်လိုပဲကြည့်ကြည့်
အမြဲလှနေတဲ့ မိကြည်
မင်းအပြုံးတွေ မရှိခဲ့ရင်သိပ်ကောင်းမှာပဲ
အဲဒါဆိုရင်
အဝေးက မမှီနိုင်တဲ့ လမင်းကို ငေးကြည့်ရင်း
လရောင်ရဲ့အငွေ့အသက်ပဲ ရှုရှိုက်ကာ
သက်ပြင်ခိုးချရတဲ့ ဘ၀ဆိုတာ
ဖြစ်လာမှာမဟုတ်လောက်ဘူး
မိကြည် ...

ရွှေမိုးမြင့်

Shwe Moe Myint

"အရှင်မထံသို့"

"အရှင်မထံသို့"
နှလုံးသားရဲ့စေညွှန်ရာအရပ်မှာ
နေထိုင်သူ နတ်ဖုရားမ
အရှင့်ခြေရင်း သက်ဆင်းခိုဝင်လို့
အခစားခွင့်ပြုပေးတော်မူပါ......

မာန်မာနတွေ
နောင်တတွေကို စွန့်လွတ်ခဲ့ပါပြီ
အရှင်မ,ညွှန်ရာ စေစားရာကို
အသုံးတော်ခံဖို့ အကျွန့်ကို
အခွင့်ပေးတော်မူလှည့်ပါ.........
မနက်၊နေ့၊ညနဲ့ ညဥ့်သုံးယံပတ်လုံးမှာ
အရှင်မ မိန့်တော်မူရာ
အလိုရှိရာ အရာခပ်သိမ်းကို
ယူငင်ဆက်သခွင့်၊တဖန်သိမ်းဆည်းခွင့်များ
အကျွန့်ကို သနားသောအားဖြင့်
စွန့်ကြဲပေးတော်မူလှည့်ပါ......
သေတပန်သက်တဆုံး
အရိုးကြေကာ အရေပြုန်းလို့
ခန္ဓာပါပျက်ကြွေသုန်းပါစေ
အရှင်မ ထံပါးခြေတစ်လှမ်းမခွာ
သွေမြန်းတာမရှိပါကြောင်း
ကတိကဝတ်နဲ့တကွ
အကျွန့်ကိုယ်ကို အပ်နှံပါတယ် အရှင်မ.......။


သူရိန် လင်းဝေ

မေ့ကိုဘယ်လိုပြောရမယ်

* မေ့ကိုဘယ်လိုပြောရမယ် *
နွေဦးရောက်ပြီမေ
အရိုးဖြိုင်ဖြိုင် ပင်အိုတို့ပြိုင်ဆဲ
နေကျဲကျဲပူလဲ တွန်းလှန်ကာအံကိုခဲ
အားပြိုင်လျှက်ဘဲ….
နွေနေကကျဲကျဲပူ ‘ ငါ့ ‘ ရင်အပူမီးကို
တုပြိုင်နိုင်ခဲ….
မေတ္တာရေအေး သွန်းဖြိုးကြမေတို့မှာ
‘ ငါ့ ‘ ရင်အပူမီးက လောင်မြိုတ်စခုခါ
မေတ္တာရေအေး ခမ်းခြောက်သွေ့ကာ
လွမ်းလျှက်သာလွမ်းနေမြဲ
မျှက်ရည်ဖြိုင်ဖြိုင် သွန်းဖြိုးဆဲ
မောဟိုတ်ကာနွှမ်းလျှက်ခွေလှဲ…။
ဇော် ( မြ၀တီ )( 1 / 3 /15.. 11း10 AM)


 

သစ္စာ

**** သစ္စာ****

ချစ်သူရေ

အနေဝေးနေလို့ သွေးအေးမှာလဲ

စိုးထိတ်မနေပါနဲ့……

အဝေးရောက်နေလို့ မေ့ပျောက်သွားမှာလဲ

တွေးကြောက်မနေပါနဲ……

ဝေးကွာခြင်းမိုင်တွေဘယ်လောက်ဝေးဝေး

ရင်မှာထာဝစဉ် ထာဝရ

မင်းပဲစိုးမိုးထားတယ်

စိတ်ချ
ယုံကြည်နေပေးနော်…… ။









 


ချစ်ခြင်းကောင်းကင်


**ချစ်ခြင်းကောင်းကင်**

စကားလုံးလှလှလေးတွေသုံး
မာယာတွေနဲ့ဆေးခြယ်
ဟန်ဆောင်ခြင်းတံဆိပ်တွေကပ်ထားတာကိုမှ
အချစ်လို့နင်သက်မှတ်လိုက်မှတော့
နှလုံးသားတွေခုန် ရင်တွေတုန်လို့
စကားလုံးမကြွယ် ဆေးမခြယ်တဲ့
ငါ့အချစ်တန်ဖိုးမထားတာမဆန်းပါဘူး
မပြောင်းလဲဘဲရှိတဲ့ကောင်းကင်လိုငါ့အချစ်ထက်
တစ်ခါတစ်ရံမှပေါ်လာတက်တဲ့
သက်တံ့ရောင်ခြယ်အချစ်နင်မက်မောမှတော့
ငါ့ရင်ခွင် နင်းခြေလို့သာသွားပါတော့ချစ်သူရေ
နင်ပျော်ပါစေဆုတောင်းပေးရင်
လွမ်းဆွတ်ခြင်းတိမ်တိုက်တွေ
ငါ့ရင်မှာကခုန်ခွင့်ပေးလိုက်မယ်……… ။ ။
 
 

ဟိုအ၇င်က


ဟိုအ၇င်က
.
.
အညာတ၇ကဗျာသမားတယောက်အသဲကွဲတ
ဘယ်လိုလူကနားလည်မှလည်းးးးးးးးး
ေ၇းဆက်တဲ့ကဗျာတွေ ပုံမှန်ဘဲအောင်းမေ့နေမှာပါ
အ၇မ်းလွမ်းတဲ့နင့်အနမ်းတွေ တခါတခါ
နင့်ကိုယောင်း၇မ်းပြိး တမ်းတတယ်
နင်ထားခဲ့ပြိဘဲ ငါမေ့လိုက်ချင်တယ်
နင်မ၇ှိတော့ ဘယ်အ၇ာတွေကများ
ငါ့ကိုစိတ်ဖြေစေမှာလည်.............
ဟိုအ၇င်က...
.

 
 

ဖိတ်ခေါတယ်...

ဖိတ်ခေါတယ်...
.
စိုင်းဆိုတဲ့ ငါ့ကျောကိုခင်းကာ
နင်ဖြက်နှင်းသွားးးးးးးးး
မာနတဲ့ ခနငါဝါချလို့
နင်လိုချင်တာအ၇ာ၇ာ နင်ယူကာ
ငါဆိုတာကို နင်ထည့်မတွက်
အ၇က်တခွက်လို ငါ့အသွေးသားကိုသောက်
ငါ့နှလုံးသားကို အမည်းလုပ်သွားတဲ့ချစ်သူ
လမ်းကြုံ၇င်ဖြင့် ငါ့နှလုံးအိမ်ကို
ခဏ၀င်လည်အုံးနော်.............
အစဉ်အမြဲ တခါးဖွင့်ထားတယ်......
.

 


ကျွန်တော်ေ၇ာက်ခဲ့တဲ့ဘန်ကောက်


ကျွန်တော်ေ၇ာက်ခဲ့တဲ့ဘန်ကောက်......
.
ဆွေမျိုးများအလယ် အမေမျက်နာငယ်
သားမကြည့်၇က် အိပ်တလုံးဆွဲကာ
မှန်အလုံကားလေးထက် ကျါန်တော်တက်
မွေး၇ပ်မြေကို မျက်လုံးစွေလို့ ကျွန်တော်နူက်ဆက်
တောင်အဆင့်ဆင့်ကျော်ကာနင်းလို့
ပြောင်ပြန်စိးတဲ့ သောင်၇င်းမြစ်ကိုဖြက်
ကားသေးသေးလေးထဲ ၂၄ ယောက်သိပ်လို့
ဘန်ကောက်သို့တက် မူးဝေကာစားထားတဲ့ထမင်းတွေ
အန်ကာထွက် စက်၇ုံဆိုတဲ့နေ၇ာမှာဝင်ကာစမက်
တလတလဖြက်လိုက်တာလည်း စ၇ိတ်တွေက
လခတွေတောင် တပျားမှမတျန်ပေါင်.......
တခါတ၇ံထမင်းတောင်ငတ် ........
ညဆိုင်းဆိုလည်း အိပ်ေ၇းကပျက်
တဖြေးဖြေးနဲ့ ဘန်ကောက်မြေကနေ
မွေး၇ပ်မြေဘဲ ပြန်လှမ်းချင်တယ်........
.
.

ချစ်၇င်ထူးးး

သိမ်းထားတဲ့အချစ်


သိမ်းထားတဲ့အချစ်

နင်ထားခဲ့တဲ့အတိုင်းနေရစ်လို့
ရင်ထဲကစိတ်ကူးလေး
တိတ်တိတ်လေးငိုနေတယ်……
ငါ့နှလုံးသားကိုပဉ္စလတ်ဆန်ဆန
လှည့်စားသိမ်းပိုက်သွားပြီးမှ
အိမ်မက်တစ်ခုလို
သဘောထားလိုက်ပါတဲ့လားဟာ……
စွန့်လွှတ်လိုက်ရပြီဆိုပေမယ်
မဆုံးနိုင်တဲ့တမ်းတခြင်းတွေ
ငါ့ရင်ကိုထိုးဆွနေတုန်းပဲ……
ချိုမြိန်တဲ့ချစ်ခြင်းဆိုတာ
နင်ပေးလို့သာငါရခဲ့ဘူးတာ
အခုတော့ ထာဝရသိမ်းထားရမဲ့
အထီးကျန်ဒဏ်ရာတစ်ခုဖြစ်ခဲ့ပြီ…… ။ ။

ဝေဝေ