ချစ်သူတိုင်း အတွက်ချစ်သူများနေ့
-ချစ်သူများနေ့ဟု သတ်မှတ်သော February-14 ရက်ကို ငယ်ရွယ်နုပျိုသော လူငယ်များကြားချစ်သူများနေ့ကို ကန့်ကွက်မယ်ဆိုရင် ကျမကို ဟားတိုက်ကောင်း ဟားတိုက်လှောင်ပြောင်ပါလိပ်မယ်။
- တစ်ကယ်တော့ ချစ်သူများနေ့က ကျွန်မတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးမှ မဟုတ်ပါဘူး။ လူသားတိုင်း လူသားတိုင်းအတွက် သေခြာတွေးတောစဉ်းစားကြည့်ပါ။ ဘာဆိုဘာမှမဆိုင်တဲ့ အထိမ်းအမှတ်တစ်ခုပါ။
-ချစ်သူဆိုတာ ကျွန်မအနေသိသလောက်နှင့် အဓိပ္ပာယ်ဖွင့် ဆိုရလျှင်- အိမ်ထောင်မပြုခင် သူစိမ်းမိန်းကလေးတစ်ဦးနှင့်
ယောက်ကျားလေးတစ်ဦး တစ်ဦးကို တစ်ဦးမေတ္တာသက်ဝင် ကြည်ဖြူချစ်ခင်ကြပြီး
တစ်ဦးရဲ့စိတ်သဘောကို တစ်ဦးလေ့လာနေချိန်၊ စိတ်သဘောထားခြင်းတိုက်ဆိုင်ပြီဆိုရင် ဘဝတစ်သက်စာခရီးလမ်းမှ ဆိုးအတူကောင်ဖက်လက်တွဲဖို့ ဘဝခရီးအတွက်ကြိုးစားနေချိန်ပေါ့။
- ချစ်သူနှစ်ဦး တစ်ကယ်တစ်ဦးကို တစ်ဦးစိတ်သဘောထားနား လည်းပြီး တစ်ဦးရဲ့ ကောင်းစိတ်၊ ဆိုးစိတ်ကိုသည်းခံခွှင်လွှတ်ပြင်ဆင်ပြီး သစ္စာရှိရှိ၊ တစ်ဦးအပြစ်ရှိတာလေးနားလည်
ခွှင့်လွှတ်ပြီး နေတိုင်းတစ်ဦးကို တစ်ဦးလိုအပ်ချက်၊ ခွှင့်လွှတ်နိုင်စရာလေးတွေဖြည့်တွေးနားလည်းပေးနေရင်တော့ ပျော်စရာအတိနဲ့ စိတ်ချမ်းသာပြီး နေ့တိုင်းချစ်သူများဖြစ်နေမှာ အမှန်ပါပဲ။ ။
-ချစ်သူနှစ်ဦးရဲ့ နေ့ရက်တိုင်းဟာ ချစ်သူများနေ့ပါပဲ။ အခုတော့ February- 14 ချစ်သူများနေ့ကို ရောက်တော့မယ်ဆိုရင် ကျွန်မ တူ/တူမ လေးတွေမဟုတ်ပေ့မယ်။ ခေတ်ကလေးလေးအတွက် စိတ်ပူမိတာအမှန်ပါ။ ဥပမာပေါ့- ချစ်သူများအကြောင်းပြုပြီး ချစ်သူတိုင်းလူအခွှင့်အရေးအပြည့်အသုံချပြီး မှောက်မှားနေကြတာ။ ချစ်သူများနေ့ ချစ်သူများနေ့ဆိုပြီး သမီးပျိုလေးတွေ ဦးနှောက်အမှောင်ဖုံး ချစ်သူအလိုလိုက်ဇွတ်မိုက်နေကြတော့ အချိန်တန်တော့ မျက်ရည်လည်ရွဲနှင့် ပူဆွေးရတဲ့ သမျိုးပျိုလေးတွေတွေ့မြင်နေရတာ ရင်နာမဆုံးပါပဲ။
-ဒီနေ့မနက်ကျွန်မ ရှမ်းဟင်းထုပ်စားချင်လို့ ရှမ်းဟင်းထုပ်ရောင်း တဲ့
ဆိုင်ကိုသွားခဲ့ပါတယ်။ ကျွန်မဘေးခုံမှာ ထိုင်နေကြတာ ကောင်လေး (၄) ယောက်ပါ။
ကျွန်မစားနေတုန်း သူတို့ပြောတဲ့ စကားတွေကြားရတာ လူကိုကြက်သီးထစေခဲ့တယ်။ ။
ကောင်းလေး (၄)ယောက်က သူတို့ချစ်သူအကြောင်းတွေကို တစ်ဦးကို တစ်ဦးဖောက်သည်ချပြောဆိုနေကြတာပါ။ ကျွန်မနားမထောင်ချင်ပေမယ် နားကကြားနေရတယ်။ ။
အသားဖြူဖြူရုပ်ရည်သန့်သန့်လေးကောင်လေး တစ်ယောက်ကရ"ဟေ့ကောင် သားကြီး မင်း' ချစ်သူများနေ့ရောက်ရင် မင်း'စော်နဲ့ ဘယ်လိမ်မလည်းတဲ့ နေရာရွေးပြီးပြီလားတဲ့"
ကျွန်မ' စိတ်ထဲ ဘုရားတမိလိုက်တယ်။
အဲ.တစ်ယောက်ပြန်ဖြေတယ်လေ။ အေးစေးပါတဲ့ ချိတ်ပြီးပြီတဲ့
ကျွန်မ' စိတ်ထဲ..မြတ်စွာဘုရားလို့ 'တလိုက်မိတယ်'
သူတို့လေးတွေကတော့ ပြောသင့်မပြောသင့်မသိပါဘူးပြောနေကြတာစုံလိုပါပဲ။ ။ ကျွန်မလေရင်ထဲမှာ စိတ်မကောင်းခြင်းများစွာပါပဲ။
ယောက်ျားလေးဆိုပြီး မပွန်းပဲ့ဘူး မထင်ပါနဲ့ သူတို့လေးတွေပွန်းပဲ့တာ
စိတ်ဓာတ်နဲ့ သိက္ခာတရားပါပဲ။ စိတ်မကောင်းခြင်းနဲ့ပဲ
ကျွန်မနုတ်ပိတ်ပြီး..ဆိုင်ကထွက်ခွာခဲ့ပါတယ်။
-အခုလိုကျွန်မရေးသားခြင်းကလည်း ဘယ်သူဘယ်သူကို ထိခိုက်စေချင်တဲ့ ဆန္ဒတစ်စုံတစ်ရာမရှိပါဘူး။
ချစ်သူများနေ့ဆိုတာ...February-14 ရက်မှမဟုတ်ပါဘူး။ တစ်ဦးကို တစ်ဦးတစ်ကယ်ချစ်မြတ်နိုးသူတိုင်းအတွက် နေရက်တိုင်း၊ နေ့တိုင်းက *ချစ်သူများနေ့*ပါပဲရှင်။ ဘဝမှာ ရည်မှန်းချက်ပန်းတိုင်းထားပြီး
တစ်ဦးကို တစ်ဦးမေတ္တာစေတနာ ဖြူစင်ခြင်းနဲ့ နားပေးနိုင်သောနေ့တိုင်းဟာ
*ချစ်သူတိုင်းအတွက်* ချစ်သူများနေ့လို့ ကျွန်မဥာဏ်မီသလောက်ရေးသားခြင်းဖြစ်ပါတယ်။
ကျွန်မအခုရေးသားသော "ချစ်သူတိုင်းအတွက် ချစ်သူများနေ့" ဆိုတာထဲတွင်
အမှားတစ်စုံတစ်ခုပါခဲ့ရင် စေတနာအမှားလို့ ဖြည့်ပြီးနားလည်ပေးစေချင်ပါတယ်။ သိက္ခာများကို ရှေ့တန်းထားပြီး မိမိချစ်မြတ်နိုးသူအပေါ် ခွှင့်လွှတ်ချစ်နိုင်ကြပါစေရှင်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အစဉ်ထာဝရလေးစားလျှက်
*ကဗျာ ပန်းခင်*(စာပေချစ်သူ)
