============
မေမေ ရေ
လမ်းသလား နေတာ မဟုတ်ပါဘူး
ဆင်ခြေ ဆင်လက်တွေ အမျိုးမျိုးပေးပြီး
မိဘကို လိမ်ညာနေတာလည်း မဟုတ်ပါဘူး ဗျာ
ကိုယ် လျှောက်တဲ့ လမ်း မှန်ထင်လို့ လျှောက်နေတာပါ
အပြန်လမ်း နောက်ကျ နေတယ်ဆိုတာ
ကိုယ် မပိုင်တဲ့ အချိန်တွေမှာ အချိန်တွေကိုပဲ
ရင်းနှီး နေရလို့ နောက်ကျသွားခဲ့ရင်
တောင်းမှန်ပါတယ် မေမေ
ငွေ လမ်းခင်းမှ အဆင်ပြေ တဲ့
ခေတ်ကြီးမှာ အချိန်ဆိုတာ ငွေ ပေးဝယ်မှ
ရတယ် မေမေ.....။
မေမေ ရေ
မိဘ မေတ္တာ ဆိုတာ စိန် ရွှေ ငွေ
အဲ အရာတွေ နဲ့ ပေး ၀ယ်လို့မရတာ သား သိပါတယ်
ငွေ ပုံကြီးပေါ်မှာ အဖေနဲ့အမေကို ထား
လိုချင်တာတွေ ၀ယ်ပေး သွားချင်တာတွေ လိုက်ပို့
အဲလိုမျိုးတွေ စိတ်ကူးမိလိုက်တိုင် မျက်ရည်ကျ မိတယ်
မေမေ တကယ်လို့သာ အဲ ဥစ္စာ တွေ ရခဲ့မယ်ဆိုရင်
ဖေဖေတို့မေမေတို့ က ဇရာ ထောင်းလို့ အို နေ
ပါးရေ နားရေ တွေ ကတွန့်
အသံ တွေကတုန် ခါးတွေ ကိုင်း နေ နေခဲ့ရင်
ရင်ကျိုးမှာ ပါဗျာ
မေမေရေ
မိဘ တို့လိုချင်တဲ့ အရာ သား သိပါတယ်
ပိုက်ဆံ မရှိလည်း အမေတို့ နေနိုင်ပါတယ် သားရယ်
ရွှေ ငွေ မရှိလည်း နေနိုင်ပါတယ် သားရယ်
အမေ တို့နဲ့ အတူသာ လုပ်ကိုင်စားသောက်ကြအောင်ပါ
အမေ့သားလေး ပြန်လာရင် ကျေနပ်ပါပြီ တဲ့
သား ပြန်လာလို့ ရော့ မေမေတို့ တကယ်ပျော်မှာလား
သားသမီး တွေ အနားမှာ ရှိနေရင် ကြည်နူးနေတဲ့
မိဘ တိုင်ရဲ့ မေတ္တာ ကို နားလည်းပါတယ် မေမေ
အဆင်မပြေ မူတွေနဲ့ ပတ်ဝန်းကျင် ကြာမှာ
မျက်နှာငယ်ခဲ့ရတဲ့ နေ့ရက့် တွေဆီ ပြန်မပို့ချင်တော့ဘူး မေမေ
ကိုယ်မပိုင်တဲ့ အချိန်တွေကို ခဏလေး ရင်းပြီး
အရောက် ပြန်လာခဲ့မယ်နော် .......
ခေတ္တ အဝေးရောက်
သား ချစ်တဲ့
ဖေဖေနဲ့မေမေ
#ကောင်းလွန်ဆိုး (ရွှေဇံမြေ)
No comments:
Post a Comment