၂၄

2/15/15

ပေးပါ


ပေးပါ
======

ငှက် ကလေးတွေ
တေး သီသံ ကြားရင်
၈ နှစ် ၈ လသား အရွယ်ကို
အမှတ်ရမိတယ်

ဆူဆူညံညံသံတွေ ကြားရင်
၈ ၈ အရေးတော် ပုံကို
အမှတ်ရမိတယ်

ငှက် ကလေးလေး တွေကို
တေးဆိုခိုင်တယ်
ပန်း ကလေးလေး တွေကို
ပေါင်းသင် ရေလောင်းပေးတယ်

ဘာလို့ ခုထိ မဖြူစင်ကြသေးတာလည်း

လမ်းတွေ ကို သန့်စင် ပေးပါ
စိတ်ဓာတ် လေးတွေ သန့်စင် ပေးပါ
ကျေး ရွာ လေးတွေ သန့်စင် ပေးပါ

ပေးပါ ပေးပါ ပေးပါ လို့
အော်နေတာလဲ အကြိမ်ရေ တွေထဲ့မှာ
ပေးဆပ်သွားတဲ့ ချွေးနဲ့သွေးတွေ
ခုထိ ငှက်ကလေးတေးဆို မတတ်သေးဘူး
ပန်း တွေတော့ ညှိုးနွမ်း နေပီ

#ကောင်းလွန်ဆိုး (ရွှေဇံမြေ)

No comments: