"နေ့စဉ်၊ နေ့တိုင်းကျေးဇူးမမေ့
သတိရအောက့်မေ့လျှက်ပါ"
*မေ့နိုင်စရာမရှိလို့ ယနေ့တိုင်မမေ့နိုင်ခဲ့ဘူး
တိုတောင်းလှသော အချိန်ဘဝတွင်က
တို့ဖခင်ဗိုလ်ချုပ် အပိုအလုပ်တွေမလုပ်ပဲနဲ့....
ရှေ့ရေးကြိုတွက် ပြည်ထောင်စုစိတ်နှင့် စုစည်းတည်ထောင်ခဲ့တဲ့ မြန်မာဂုဏ်ဆောင် မီးရှုးတန်ဆောင် တို့ဗိုလ်ချုပ်ပါလေ။ ။
*တို့ဖခင်ဗိုလ်ချုပ်ကို သမိုင်းစာအုပ်ကဆွဲထုတ်လည်း
တိုင်းသူပြည်သား၊ လူအများရဲ့ အသည်းနှလုံးရတနာ
ဖြစ်တဲ့အတွက် ဆွဲထုတ်၍မရပါလေ။ ။
တို့ဗိုလ်ချုပ်စိတ်သည်ကား.......
ဝေဖန်မှု့ခံနိုင်၊ စောင့်ထိန်းတဲ့ ကိုယ်ကျင့်တရား
မလိုအပ်တဲ့ မင်းမဲ့စရိုက်၊ ခွင့်ထူးရယ်မယူ
မြောက်တိုင်းလည်းမမြောက်၊
ခြောက်တိုင်းလည်း မကြောက်ပါပဲ
ပြောသလိုနုတ်ကတိတည် ဆောင်ယောင်ပကာသနမမက်မောတဲ့..ပြတ်သားတဲ့ စနေ့သားရဲ့
နှလုံးသားရယ်က ကြီးမားမေတ္တာ ပြည့်သူအပေါ်စေတနာထား မြန်မာရာဇဝင်သမိုင်းတွင်က
နေတစ်ဆူ၊ လတစ်ဆူလို အမြဲတမ်းထွန်းတောက်နေတဲ့ ပြည်သူ့ရတနာ
ဗိုလ်ချုပ်အောင်ဆန်းပါလေ။
တို့ဖခင်ဗိုလ်ချုပ်
စာပေနှလုံးသားကတော့ဖြင့်လေ..."ဗိုလ်လှထွန်းရေ လွတ်လပ်ရေုးကြီးရပြီးရင်
ငါတော့နိုင်ငံရေးက အနားယူပြီး စာရေးဆရာလုပ်ချင်တယ်လေ။"
တို့ဖခင်ဗိုလ်ချုပ်စိတ်ဓာတ် တစ်ရာမှာတစ်ယောက်မရှိသူမို့ ပြောမဆုံးအောင်ပါပဲ
ရာဇဝင်သမိုင်းဘယ်လိုပြောင်းပြောင်း
တို့ဖခင်ဗိုလ်ချုပ် ဂုဏ်ပုဒ် ဘယ်လိုဖျက်ဖျက်
ကျေးဇူးသိတတ် ပြည်သူ့ရင်ထဲ
သံမှိုစွဲသလို ရင်ထဲမပြောင်း
ကျောက်တိုင်စိုက်သလို
သူလိုလူ ဇဗ္ဗူမှာရှားသူမို့
ပြည်သူ့နှလုံးသား တို့ဖခင်ဗိုလ်ချုပ်အား နှစ်တစ်ရာတိုင်မှ မဟုတ်ပါလေ။
နေစဉ်နေ့တိုင်း ကျေးဇူးမမေ့သတိရအောက့်မေ့ဦးညွှတ်လျှက်ပါ။ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း"
93း4 pm
11.2.2015

1 comment:
မင်္ဂလာပါ
Post a Comment