၂၄

3/6/15

အတိတ်

အတိတ်တွေထဲကို ပြန်ရှာဖွေမိတော့
တို့နှစ်ယောက်ရဲ့ ပက်သတ်မှုဆိုတာ
တကယ့်ကို ပါးပါးလေးရယ်ပါ
ငါ့အတွက် ဇာတ်ညွှန်းရေးပြီးခဲ့ပြီးသား
မဆုံနိုင်တဲ့ ဇာတ်လမ်းဆိုပေမယ့်
မင်းအတွက်ဆုံနိုင်တဲ့ ဇာတ်လမ်းဖြစ်ဖို့
ငါက.. ဇာတ်ညွှန်းရေးပေးရမယ်တဲ့လား
အိပ်မပျော်တဲ့ညတွေတိုင်း
မင်းကိုပြောဖို့ စဉ်းစားထားတဲ့
ဒိုင်ယာလော့တွေကို ရေးပေးခဲ့ပါတယ်
ဇာတ်လမ်းအဆုံးမှာ ပုခုံးချင်းဖက်လို့ ရယ်မောနေသူနှစ်ယောက်ကို ကြည့်ရင်း
ကွဲအက်နေတဲ့ နှလုံးသားကို ဖုံးဖိကာ
အပြုံးတွေဝေနေတဲ့ လူတစ်ယောက်နဲ့
ဇာတ်သိမ်းထားလိုက်တယ် ...
မင်းအဆင်ပြေဖို့က အဓိကပါ ။

No comments: