၂၄

2/13/15

ကဗျာ

ကဗျာ
သူ့ရဲ့နှုတ်ခမ်းဓားသွားတွေအောက်
ငါ့နှလုံးသားဟာ အစိတ်စိတ်အမွမွ
ကဗျာတစ်ပုဒ်ဟာ ဘယ်လောက်အရေးပါလဲတဲ့
ကဗျာတွေကိုလောင်းကြေးထပ်ရအောင်
ကဗျာဆိုတာ ဂိမ်းတစ်ခုမဟုတ်ဘူး သူငယ်ချင်း
ကဗျာဆိုတာငါ့နှလုံးသားရဲ့ခံစားမှု
ကဗျာဟာငါ့ဘဝရဲ့အရိပ်
ကဗျာတစ်ပုဒ်အပေါ် ရလိုမှုတွေနဲ့
ငါ ကဗျာတွေရေးနေတာမဟုတ်ဘူး
ကဗျာတစ်ပုဒ်အတွက် အိပ်ရေးပျက်ချင်ပျက်မယ်
အရူးတစ်ယောက်လိုရူးသွပ်ချင်ရူးသွပ်မယ်
အိပ်မက်တွေမက်ချင်မက်မယ်
ကဗျာတွေအပေါ်မလှည့်စားဘူး
မရိုးမသားမလုပ်ဖူးဘူး
ကဗျာတွေကိုငါချစ်တယ် မြတ်နိုးတယ်
ငါ့အနားမှာဘယ်သူမှမရှိရင်နေ
ဘယ်သူမှမရှိတော့ရင်တောင်
ကဗျာတွေနားမှာငါရှိတယ်
ငါ့အနားမှာကဗျာတွေရှိတယ် ။ ။
ဝေဝေ

No comments: