၂၄

3/2/15

မင်းသင်ပေးခဲ့တဲ့အလွမ်း

မင်းသင်ပေးခဲ့တဲ့အလွမ်း
===============
ကောင်မလေးရေ
ငါ့ဘေးနာမှာမင်းမရှိတော့
အဖော်မဲ့ အထီးကျန်စွာ အနာဂတ်လမ်းမပေါ်
ငါတစ်ယောက်တည်းလျှောက်လှမ်းနေတဲ့အချိန်
မျက်နာပြင်ပေါ်ဖြတ်တိုက် ငါကိုနမ်းရှိုက်ဆော့ကစားသွားတဲ့
လေပြေတွေကတောင်ရင်ထဲက
အပူအလွမ်းလေးကိုပြင်းပြင်းပြပြခံစားစေရတယ်
ကောင်မလေးရယ်မင်းသိခဲ့ရဲ့လား
တချိန်တုန်းကငါမခံစားတတ်ခဲ့တဲ့အလွမ်းတွေကို
အခုချိန်တိုင်းခံစားတတ် လွမ်းတတ်လာအောင်
မင်းသင်ပေးသွားခဲ့ပြီပေါ့ကောင်မလေးရယ်
နှလုးံသားတွေကွဲအက် နှလုးံသွေးတွေ ခန်ခြောက်
သည်းခြေပြတ် အရူးတစ်ယောက်လို
ဖြစ်သွားတာတောင် မင်းသင်ပေးခဲ့တဲ့
အလွမ်းတွေ ကိုကိုယ်ထာဝရ
ထွေးပိုက်ထားမှာပါကောင်မလေးရယ်
ကဗျာကြိုက်သူ အတွက်

No comments: