၂၄

2/24/15

"တစ်ဖက်သတ် ချစ် ရ သူ ရဲ့

အရမ်းသတိယတာ ယုံပေးပါနော်







"တစ်ဖက်သတ် ချစ် ရ သူ ရဲ့
အဖြည့်ခံ ဒိုင်ယာရီ "
®®®®®®®®®®®®
အမုန်းခံ လူသားဘ၀နဲ့
အသုံးတော်ခံ ငါအဖြစ်က
မင်းရဲ့ ဥပေက္ခာ မျက်လုံးစိမ်းတွေကိုမှ
တွယ်တာ မြတ်နိုး မိခဲ့တော့
မ ရှောင် သာ ကံကြမ္မာ ဆိုးများကြား
ပူလောင် ကာ ငိုကြွေး ခဲ့ရပြီ ။





2/18/15

လွမ်း



လွမ်း
♡ ♡ ♡

မခံစားနိင်တော့ဘူး
နင့်ဥပေက္ခာတွေ
မလှည့်စားပါနဲ့ငါ့ရဲ့အချစ်ကို
ဒီဇင်ဘာလို.....
ငါပျော်နေတတ်ပေမယ့်
နွေရာသီလိုအထီးကျန်နေတာ
နင်မှမသိတာ.......။

ငါလည်းလူသားတစ်ယောက်ပါ
ချစ်တတ်တဲ့နှလုံးသားနဲ့
ခံစားတတ်လိုကျလာတဲ့မျက်ရည်တွေ
ငါလည်းရှိပါတယ်........
အသည်းမကွဲတတ်ဘူးလို့မထင်ပါနဲ့
ငါ့...
အခုချိန်မျက်ရည်ကျနေတာ
နင်မှမသိတာ...............

သိအောင်လည်း..
ဖွင့်ဟဝန်ခံစရာမလိုတော့ပါဘူ
မျိုသိပ်ခံစားနေလိုက်ပါ့မယ်..
အချစ်ဆိုတာ...
နူးညံ့သလား....
ခါးလား....ဆိုတာ
နင်နဲ့ပတ်သတ်မှသိလာရတဲ့
ဝေါဟာရလေးတွေပါ......

အခုနင်ပျော်နေပေမယ့်
ငါဝမ်းနည်းရပေမယ့်လည်း
ငါကျေနပ်ပါတယ်
ဆူး
 

လှည့်စားခြင်းးးးးး

လှည့်စားခြင်းးးးးး
တိမ်တွေက လ၇ဲ့အောက်
အဝေးကြီးမှာ
လူတွေက တိမ်တွေ၇ဲ့အောက်
အဝေးကြီးမှာ..............
လူတွေ၇ဲ့ အမြင်မှာ
လဟာ တိမ်တွေ၇ဲ့အမြိုအ၀ါး
ခံ၇၇ှာတကာားလို့
အမြင်မှားးးးးး
လမလှည့်စား တိမ်လှည့်စားး
လှည့်စားခံ၇ အောက်ဆုံးကလူသားများးးးးးး
ညွန့်အေး(အင်းဝ)



ချစ်ရင် ထူး

အနှိုင်းမဲ့ ရောဂါ

အနှိုင်းမဲ့ ရောဂါ =========== လောကမှာ ရှိရှိသမျှ ရောဂါအားလုံးထဲမှာ“ဆာလောင်မွတ်သ...
စာအုပ်စာပေလူ့မိတ်ဆွေ's Facebook Wall / စာအုပ်စာပေလူ့မိတ်ဆွေ / 16 days ago
အနှိုင်းမဲ့ ရောဂါ
===========
လောကမှာ ရှိရှိသမျှ ရောဂါအားလုံးထဲမှာ“ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊
သို့မဟုတ် ဆာနာရောဂါ” ဟာ အနှိုင်းမဲ့ရောဂါဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့
ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊ ဆာနာရောဂါထက်ပိုပြီး ကိုယ်စိတ်နှစ်ပါးကို နာကျင်စေပါတယ်၊
နှိပ်စက်ပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ထပ်တူပြုစရာ တခြားရောဂါ မရှိတော့လို့ပါပဲ။
ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊ဆာနာရောဂါနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့
တခြားရောဂါ လောကမှာ မရှိတော့တဲ့အတွက်ဆာလောင်မွတ်သိပ်ခြင်းရောဂါ၊ ဆာနာရောဂါဟာ
“အနှိုင်းမဲ့ရောဂါ” ဖြစ်ရပါတယ်။
ကိုယ်စိတ်နှစ်ပါးကို နာကျင်စေတတ်တဲ့အရာ၊ကိုယ်စိတ်နှစ်ပါးကို နှိပ်စက်တတ်တဲ့အရာကို “ရောဂါ”လို့
ခေါ်ပါတယ်။ ကိုယ်မှာပဲဖြစ်ဖြစ်၊ စိတ်မှာပဲဖြစ်ဖြစ်ရောဂါတစ်ခုခု ဖြစ်လာပြီဆိုရင် အဲဒီရောဂါက
ကိုယ်ကိုပဲဖြစ်ဖြစ်၊ စိတ်ကိုပဲဖြစ်ဖြစ်၊ကိုယ်စိတ်နှစ်ပါးလုံးကိုပဲဖြစ်ဖြစ် နာကျင်စေပါတယ်၊
နာကျင်အောင်နှိပ်စက်တတ်ပါတယ်။
ကိုယ်မှာဖြစ်တဲ့ ရောဂါမှန်ရင် ဘာရောဂါပဲဖြစ်ဖြစ်အနည်းဆုံး ကိုယ်ကို နာကျင်အောင် နှိပ်စက်မှာပါ။
စိတ်မှာဖြစ်တဲ့ရောဂါမှန်ရင်လည်း ဘာရောဂါပဲဖြစ်ဖြစ်အနည်းဆုံး စိတ်ကိုနာကျင်အောင် နှိပ်စက်မှာပါ။
အနည်းဆုံးဆိုတဲ့စကား ဘာလို့ ထည့်ပြောရသလဲဆိုတော့လူသားအများစုက ကိုယ်မှာ ရောဂါဖြစ်ပေမယ့်
ကိုယ်သာ နာတာ မဟုတ်ဘဲ စိတ်ပါ နာတတ်လို့ပါ။စိတ်မှာ ရောဂါဖြစ်ပေမယ့် စိတ်သာနာတာ
မဟုတ်ဘဲ ကိုယ်ပါ နာတတ်လို့ပါ။
ကိုယ်မှာရောဂါဖြစ်လည်း ကိုယ်ရောစိတ်ပါနာတတ်တာ၊ စိတ်မှာရောဂါဖြစ်လည်း စိတ်ရောကိုယ်ပါ
နာတတ်တာဟာ ပုထုဇဉ် လူသားအများစုရဲ့မူသေသဘာဝကြီးတစ်ခုလို ဖြစ်နေလို့ ကိုယ်မှာ
ရောဂါဖြစ်ရင် အနည်းဆုံး ကိုယ်ကို နာကျင်အောင်နှိပ်စက်တယ်၊ စိတ်မှာရောဂါဖြစ်ရင် အနည်းဆုံး
စိတ်ကို နာကျင်အောင် နှပ်စက်တယ်လို့ပြောရခြင်းဖြစ်ပါတယ်။ ကိုယ်မှာ ရောဂါဖြစ်ရင်
ကိုယ်ပဲ နာပြီး စိတ်မနာတတ်တဲ့ ပုဂ္ဂိုလ်တွေရှိနေသေးလို့လည်း “အနည်းဆုံး”ဆိုတဲ့
စကားကို ထည့်ပြောရခြင်း ဖြစ်ပါတယ်။
ကိုယ်မှာ ရောဂါဖြစ်ရင် ကိုယ်သာနာပြီး၊စိတ်မနာတတ်တဲ့ ပုဂ္ဂိုလ်တွေကတော့
တရားသိတဲ့သူ၊ တရားရှိတဲ့သူတွေပါပဲ။သတိအင်အားကြီးမားတဲ့သူ၊ သတိအင်အားကြီးမားသလောက်
အနတ္တအသိဉာဏ် ရင့်သန်နေတဲ့သူဟာကိုယ်မှာဖြစ်တဲ့ရောဂါ ဘယ်လောက်ပဲ
ပြင်းထန်ပြင်းထန် ကိုယ်သာ နာချင်နာမယ်၊စိတ်ကတော့ လုံးဝမနာတော့ပါဘူး။
ဘာရောဂါပဲဖြစ်ဖြစ် ကိုယ်သာနာပြီးစိတ်လုံးဝမနာတော့တဲ့ပုဂ္ဂိုလ်တွေ၊ စိတ်လုံးဝမနာဖို့
အသေချာဆုံးပုဂ္ဂိုလ်တွေကတော့ ကိလေသာအားလုံးပယ်သတ်ပြီးသွားတဲ့ “ရဟန္တာပုဂ္ဂိုလ်တွေ” ပါပဲ။
ရဟန္တာပုဂ္ဂိုလ်မှ တစ်ပါးသောပုဂ္ဂိုလ်တွေကတော့အကြောင်းညီညွှတ်တဲ့အခါ စိတ်မနာပေမယ့်
အကြောင်းမညီညွှတ်တဲ့အခါ စိတ်နာနိုင်ပါသေးတယ်။ဘာလို့လဲဆိုတော့ ကိလေသာအားလုံးကို အမြစ်ပြတ်
မပယ်သတ်ရသေးလို့ပါပဲ။

ကွဲခဲ့လေပြီ´


``ကွဲခဲ့လေပြီ´´
**စိမ်းရက်သူ စိမ်းရက်လေလား
စွဲထင်ခဲ့ ငါ့ရင်ခွင်မှာ
အတိတ်ရဲ့ ပုံရိပ်ရယ်က
စွဲလမ်းကြီးသူ ငါ့အား
အိမ်မက်ထိတိုင် နှိပ်စက်လေပေါ့
အလွမ်းရစ်ခွေ ဆွေးလျက်ရယ်နဲ့
ငှက်မောင်နှံ မြူးတူးဟန်ကို
မြင်ယောင်ကာ ငေးကြည့်မိရင်း
ဆုတောင်းဟန်က ဘဝမုန်တိုင်း
ခွဲရက်လေတော့ ကွဲခဲ့ရ
ကွဲခဲ့လေသော် ရှင်ကွဲထပ်
သေကွဲကိုသာ တိုးတိတ်စွာ
ရေရွတ်မိခဲ့လေပြီ **..........
 

နွေရခွင်က ပင်အိုအလွမ်း

နွေရခွင်က ပင်အိုအလွမ်း
ပင်အိုရွက်ခြောက်
နွေရောက်ခဲ့ပြီ
လွမ်းငှက်ဥဩ
တေးသီဖွဲ့ရင်း
သီဆိုကြူးတဲ့
လွမ်းရဲ့ကဗျာ...##
ကြင်သူအဝေး
မျှော်ရည်မှန်းဆ
ပင်မြင့်ထက်မှာ
လွမ်းတေးတစ်ပုဒ်
သီဆိုကြူးတဲ့
လွမ်းငှက်လေးရယ်.. ..##
နာကျင်ခြင်းနဲ့
ဝမ်းနည်းမူ့တွေ
ရင်မှာပိုက်ထွေး
ဆွေးခဲ့ရပေါ့
ခါနွေဦးရေ.. ..##
မင်းရဲ့ချစ်က
နွေရင်ခွင်လို
ပူလောင်ခြင်းတွေ
ပေးခဲ့တာလား
အေးမြချင်းနဲ့
ချစ်သူ့ရင်ခွင်
နာခိုချင်လည်း
ကျင်သူအဝေး
ကျောခိုင်းခဲ့သူ
မောင့်သက်ထားရေ.. ..##
ရွက်ဟောင်းဝေချိန်
ပင်အိုနံဘေး
ထားခဲ့ချစ်သူ
မျှော်ကာငေးမိ
လွမ်းမိပါသည်.. ××××××####



 
 
 

****……………………****

****……………………****

မျက်ဝန်းနှစ်ခုဆုံစည်းကြတဲ့အခါ
ရင်ခုန်သံတွေစကားပြောကြတယ်
နင်နဲ့တွေ့တဲ့အချိန်တိုင်း
ငါ့ရင်ဘက်ထဲနှလုံးခုန်သံတွေဆူညံလို့
ကုန်လွန်သွားတဲ့စက္ကန့်လေးတေ
နှမျောတသလွမ်းမိတယ်
နှစ်ဦးသားဆုံတွေ့ကြတဲ့အခါ
နာကျင်စရာတွေမေ့ထားကြမယ်
ပင်လယ်ပြာကြီးရဲ့ဟိုးအဝေးဆုံးထိ
စိတ်တွေရွက်လွှင့်ကြမယ်
တို့နှစ်ယောက်လက်ကိုမြဲမြဲတွဲလို့ပေါ့
အတားအဆီးတွေကိုရင်ဆိုင်
အခက်အခဲတွေကိုကျောခိုင်းလို
အပြန်အလှန်နားလည်မှုတွေနဲ့
ခိုင်မြဲတဲ့တို့အချစ်ကိုသက်သေထူကြမယ်
မဟောင်းနိုင်တဲ့အချစ်တွေနဲ့
နာကျင်ခြင်းဒဏ်ရာတွေ
တို့နှစ်ဦးရဲ့ကြားထာဝရဝေးကွာနေစေရမယ်
နင်ယုံကြည်ထားပေးနော်။ ။
ဝေဝေ







ပြန်လာလမ်း....

ပြန်လာလမ်း....
*သခင်ကိုယုံ၊ သစ္စာဘုံ၌
နင်းလျှောက်မျက်ကန်း
တေးသီတဲ့ငှက်၊ အိမ်မက်ချိုမြ
လှပပန်းရနံ့ ထုံသင်းမြအောင်
ခိုလှုံ့ရုန်းကန်၊ လေလှိုင်းထန်လည်း
ငါ' ပြန်ခဲ့သည်၊ ဒါဏ်ချက်အသည်း
သွေးမစဲလဲ၊ အညတရကဗျာသည်က
ကဗျာရေးဖွဲ့ သီကြူးနေပါမည်။ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*









အမှတ်တရ

ကိုယ်တိုင်ရေးတဲ့ ကဗျာလေးပါ
__________________________
အမှတ်တရ လေးတွေကို
တန်ဖိုးထားတက်သူ
ကိုယ့်အတွက်ကတော့
ပျော်ရွှင်ယစ်မူး စရာ
နေ့ရက်တွေကို
ခဏတာ ဖြတ်သန်းသွားခွင့်ရပေမဲ့
တစ်ဘ၀စာ
လွှမ်းဆွတ် တမ်းတ
သတိရ လျှက်ပါ ချစ်သူ


Ye Lay 
ကဗျာလေးရဲ့ကောင်းကင်

.......သဘောပါ


.......သဘောပါ

ချစ်သူ....
နင့်ကိုလွမ်းတယ်
ထားမသွားပါနဲ့လို့ပြောတဲ့နင်က
နောက်ဆုံးတော့လည်း
ရက်စက်သွားပြန်ပြီပေါ့

ရပါတယ်.....
နင်တောင်မခံစားတာငါ့အတွက်
ငါငိုချင်ပေမယ့်ဖြေသိမ့်လိုက်ပါ့မယ်ဟာ

အခုချိန်.....
နင့်ကိုလွမ်းတဲ့အလွမ်းတွေငါကို
သတ်နေပြီ......
ငါနေတတ်အောင်ကြိုးစားမှာပါ
အချိန်တွေကဘဲကုစားသွားမှာပါ
အသစ်ကနင်ကို..
ပျော်စေတယ်ဆိုလည်း
နေခဲ့လိုက်ပါ...

ါနင့်ရင်ခွင်နဲ့ဝေးရာမှာ
ငါအဆင်ပြေပါတယ်
ဒါပေမယ့်
နင့်ကိုလွမ်းမိနေတုန်းဘဲ..

 ဆူး
 
 

ဝေဝေ


ကျွန်မကစိတ်ဓာတ်တွေမှိုမတတ်အောင်ကြိုးစား
သူတို့ကမှိုတက်နေမှုကိုသဘောကျ
ကျွန်မကစကြာဝဠာကြီးမပိုင်ပေမယ့်
စကြာဝဠာကြီးအကြောင်းရိုးတိုးရိတ်တိတ်
သူတို့ကစကြာဝဠာကြီးပိုင်ပြီ
နကန်းတလုံးမသိ
သူတို့ဖိနပ်နဲ့ကျွန်မနေ့ခလာလာတိုင်း
ကျွန်မအသိနဲ့သူတို့ခြံကျယ်ကြီးကိုသွားသွားတိုင်း
ကမ္ဘာကြီးရင်ဝယ်ပိုက်ပြီး
တန်ဖိုးကြီးတာတွေထွေးပိုက်ထားသူတွေပျော်သလို
ကျွန်မအိပ်ယာထက်က
သက်ငယ်မိုးအဆွေးလေးကိုကြည့်ပြီး
ကျွန်မပျော်ပါတယ်
ဘဝဆိုတာနေတက်ရင်ကျေနပ်စရာပါပဲလေ
ဝေဝေ
 
 
 



ငယ်ချစ်ဦး

ငယ်ချစ်ဦး
ချစ်ဦးသူနဲ့
ဝေးနေခဲ့
ငါ့ရဲ့အချစ်များ......။
မေ့မရပါ
ရင်ခွင်မှာ
လွမ်းကာနေရတာ.. .။
ရင်ခွင်တစ်ခု
အလွမ်းစု
တယုတယသိမ်းခဲ့သည်.. .။
ကြည်နူးခဲ့ဖူး
အချစ်ဦး
အရူးအမူးချစ်ခဲ့ဖူး.. ..။
နုတ်ဆက်လက်ကာ
သူ့ချစ်ဟာ
ရင်သာကွဲခဲ့တာ.. ..။
ထားခဲကတိ
ရင်မှာရှိ
သူသိပေမဲ့ဖြတ်ခဲ့တာ..။
မမေ့သစ္စာ
ငါ့ရင်မှာ
သူသာမြတ်နိုးရာ.. ..။
ကျောခိုင်းသွားလဲ
ချစ်နေဆဲ
ချစ်မြဲချစ်လျက်ပဲ.. .။
ပြန်လာခဲ့ပါ
မျှော်နေတာ
ငါဟာလွမ်းလို့ပါ.. ။
ငယ်ချစ်ဦးမို့
ချစ်နေလို့
မေ့ဖို့ခက်နေတာ...။
ရင်ခွင်အသစ်
နင့်အချစ်
ပျော်ရစ်နေပြီလား.. .။
မပျော်အခါ
ငါ့ရင်သာ
ပြန်ကာလာခဲ့ပါ.....××××××


 


ဘဝကကြမ်းတော့လက်ထဲမှာ


ဘဝကကြမ်းတော့လက်ထဲမှာ
ပိုက်ဆံတစ်ပြားမှာမရှိတဲ့အခ
လောကကြီးကသင့်ကိုလူတွေအ
ကြောင်း သင့်ပေးသွားပါလိမ်းမယ်
သင့်ဆုံးရုံးမှုတွေန့ဲရင်ဆိုင်ရပြီး
ဆင်ရဲမွဲတေနေတဲ့အခိုက်မှာ
စစ်မှန်ပါတယ်
ဆိုတဲ့မိတ်ဆွေတွေဆိုတာ
ခက်မင်လှပါတယ်
ဆိုတဲ့မိတ်ဆွေတွေဆိုတာ
စာနာပါတယ်
ဆိုတဲ့မိတ်ဆွေတွေဆိုတာ
ဘယ်လိုမျိုးလဲ သင့်ကိုသင်ကြာပေး
ပါလိမ်းမယ် အဆင်ပြေနေတဲ့အချိန်
လက်ခုပ်ဝိုင်းတီးပေးတဲ့မိတ်ဆွေထက်
အဆင်မပြေတဲ့အခါနှစ်သိမ့်စကာ
တစ်ခွန်းပြောပေးတဲ့မိတ်ဆွေက
ပိုတန်းဖိုးရှိပါတယ်ဗျာ
 
 

အမေကအိုနေပြီ အမေ့မေတ္တာကမအိုပါ


ဘယ်သူရေးထားတာလဲတော့ဝေမသိပါဘူး
ဝေအရမ်းကြိုက်လို့ကူးထားတဲ့စာလေးတွေပါ

****အမေကအိုနေပြီ အမေ့မေတ္တာကမအိုပါ****

မေတ္တာနှလုံး အအေးဆုံးမို့

အပြုံးလေးနဲ့ လက်ခံခဲ၏။

မေ့ရဲ့ပြုံးမှာ မေ့မေတ္တာက

အိုစာမပါ ပျိုနေပါ၍

မေ့မှာဆင်မြန်း မေတ္တာပန်းက

လန်းဆန်းပျိုပုံ မအိုဂုဏ်ကြောင့်

ယုံယုံကြည်ကြည် ကမ္ဘာတည်အောင်

မှီခိုရမှာ မေ့မေတ္တာကို

နားလည်စာနာ စိတ်ရှည်ပါ။ ။
 
 

ကြိုဆိုပါသည် ကော့သောင်းမြို့


ကြိုဆိုပါသည် ကော့သောင်းမြို့

*အလင်းပျပျ နေအောက်
လျှောက်ခါမနှေး ထောက်ညှာတွေးရင်ဖြင့်
တောင်တန်းသွယ်သွယ်
တောင်မြောက်ရယ်ငေးမောမိပေါ့။ ။

*မြစ်အသွယ်သွယ် ခွေကာပတ်စီးပါလို့
ရေပတ်လည်ဝန်းရံကာလေ
ကိန္နီမလေးကနေဟန်ဖြင့် သာယာလှတဲ့
ကုန်းမြေစွန်းကို ကော့သောင်းငူရယ်လိုခေါ်တွင်ပြန်သပေါ့။ ။

*မိုးကုတ်စက်ဝိုင်း မျက်ဝန်းတစ်ကြည့်မှာ
သာယာကြူနူးမိတာ အခါခါရယ်မို့
လေပြည်တစ်ရှိုက် ပင့်ရှုလိုက်တိုင်း
ချစ်ပြည့်စွာနှလုံးသားမှာက အားခွန်ပြည့်ဖြိုး။ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*
2း00 pm
18.2.2015 (ဗုဒ္ဓဟူးနေ့)
 
 
 

2/16/15

ထားဝယ်မလေး ဒီးဒီး

ပွင့်ဝတ်ရည်များ ပျားကစုတော့
ချို့သကာနှစ် ပျားရည်ဖြစ်သည်
မိုးပွင့်လေးများ ပေါင်းကာစုတော့
စီးကျခွေရစ် မြစ်ရေဖြစ်သည်
သွေးပွင့်လေးများ မေတ္တာစုတော့
ဖြူလွရောင်နှစ် နို့ရည်ဖြစ်သည်
လွမ်းပွင့်လေးများ အသဲကြားစုတော့
ပုလဲညိုညစ် မျက်ရည်ဖြစ်သည်
အယုအယလေးများ အင်အားစုတော့
သမုဒယနွယ်ရစ် သံယောစဉ်ဖြစ်သည်
..(ညီမရဲ့ အကိုဆရာကိုကြီးသဗျာရွာသားက
29.12.2014.ရက်နေ့က ညီမအတွက်ရေးပေးသည်)
ညီမအရမ်းကြိုက်တဲ့ကဗျာလေးပေါ့ ကျေးဇူးတင်တယ်ကိုကြီးရှင် တင်ခွင့်ပြုပါရှင်
ထားဝယ်မလေး ဒီးဒီး

 

ဝေဝေ

*…………………**
သင်ယူစရာအသင်္ချေနဲ့
ဝေဟာ ဘာမှမသိသေးသူပါ
ဝေ့အတွေးနဲ့ဝေလျှောက်
ဝေတီးခတ်တဲ့သံစဉ်တွေ
အားလုံးအတွက်မလတ်ဆတ်နိုင်ဘူးပေါ့။
တစ်ခါတစ်လေ ကလေးတစ်ယောက်လို
စိတ်ထင်ရာလုပ်တက်သလို
တစ်ခါတစ်ခါတော့လဲ ဆိုကရေးတီးကို
ရင်ဘက်ထဲထည့်ထားမိတယ်။
လူတွေရဲ့ပညတ်မှုတွေထဲ
ဘယ်သူ့ပယောဂမှမပါဘဲ
အလင်းတွေမတောက်ပနိုင်ခဲ့တာပါ
ဒါပေမယ် အိပ်မက်ကိုတော့
ဂျက်ချမထားချင်ဘူး ။
ထင်သလောက်ကြီးလဲမဟုတ်ပါဘူးလေ
ပြီးတော့လဲပြီးသွားတာပါပဲ
ငိုလိုက်ရယ်လိုက် ဆည်းလည်းသံလဲ
ရောင်စုံလူတွေကြားထဲ အော်ဟစ်လို့
သောကကိုရေခဲမုန့်လိုသဘောထားလိုက်မယ်။ ။
ဝေဝေ

2/15/15

ပြိုင်ပွဲ တဲ့


ပြိုင်ပွဲ တဲ့
========

ဝီစီ တလုံးကို ပါးစပ် မှ တက်လို့
၂၂ယောက်သော သူကို အနီ အ၀ါ
ဘယ်ညာ ကိုင်ကာ ထိန်းချုပ်ရင့်
ထောင်သောင်ကျော် တဲ့ ပရိသတ် ကို
လှည့်မကြည့်နိုင်တာ အပြစ် မဟုတ်ဘူး

ရွာ တစ် ရွာက သူကြီး တယောက်
နှစ်လုံး ပြူး သနတ့် တလက်ကို ပခုံး ထမ်း
တပည့် စောင်ကို လည်ပတ် လုပ်လို့
အရပ်ထဲမှာ မြှောက်ကြွ့ မြှောက်ကြွ့
လမ်းလျှောက် နေယုံနေ မပီးဘူး
အရွယ် သုံးပါး ညီညွတ် အောင် ဆက်ဆံတက်အုံ မှ

ပြိုင်ပွဲ တိုင်မှာ ကန့် သတ် ချက်ရှိတယ်
အဆုံး အနိုင် သရေ သတ်မှတ် ချက် အချိန်ဆိုတဲ့
ဇယား ထဲမှာ ပတ်ပြေးနေရတဲ့ လူဘုံ ဘဝ
အနိုင် မရှိခင်က လဲကျနေတာ အကြိမ်ကြိမ်
သရေ ဆိုတာ မရှိသလောက့် ရှာတယ်

ပြိုင်ဘက် နဲ့ တွေ့တဲ့အခါ ဆွေမျိုး ဆိုတာ
မေ့ထား သံယောဇဉ် ကို ခန ဖြတ်
ရင့်ကျက် စွာ ဦးဆောင် နေရမယ်
ပြိုင်ပွဲ ပြီးမှ လက်ဆွဲ နုတ်ဆက်ကြတာ
ဓမ္မတာ တရား ။

#ကောင်းလွန်ဆိုး (ရွှေဇံမြေ)

မင်း `မုန်း´ တဲ့ လူဆိုး


မင်း `မုန်း´ တဲ့ လူဆိုး
==============

ဘာ ကွ ငါ တောင်းမှန်ပါတယ် ဟုတ်လား
စိတ်ထဲရှိသလောက် ပစ်ပေါက့်လိုက်တဲ့
မင်း စကား တခွန်းကြောင့် တဘက်လူဘယ်လောက်ထိ
ခံစားရမလည်း မင်း မတွေးမိဘူးလား အစ က
ပုံကြီး ချဲ့ နေတာ မဟုတ်ဘူး
ခံစားချက်တို့ ရင်ဖွင့်နေတာ
ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲမှ ရင်ကွဲ တာ
ဒါကြီးကိုလို့ သိလိုက်ရတဲ့ အချိန်
ကုစားဖို့ မမှီလိုက်တော့ဘူး
စကား စကား အင်မတန်မှ ကြောက့်ဖို့ကောင်းတယ်
မြား အစင်း တရာ လုံး အရုပ် ကောင်ကို
ထိချင်မှ ထိမယ်
မင်း စကား တခွန်းကတော့ တလေားကလုံး
ဗြောင်းဆန်သွားတယ်
တယ်လည်း ကြောက်ဖို့ ကောင်းတဲ့ မယာ
မယာ အဲ အပြုံး တွေအောက် ငါ နဲ့ အတူ
ဘယ်နှးယောက်ကို ညာခဲ့ ပြီးပြီ လည်း
အဲ အပြော မျိုးငါလို ဘယ်နှစ်ယောက်
ပြော ပြီးပြီ လည်း ဟင် ပြောစမ်း.......။

အမှား ၏ နောင်ဒ

အမှား ၏ နောင်ဒ
============

မေမေ ရေ
လမ်းသလား နေတာ မဟုတ်ပါဘူး
ဆင်ခြေ ဆင်လက်တွေ အမျိုးမျိုးပေးပြီး
မိဘကို လိမ်ညာနေတာလည်း မဟုတ်ပါဘူး ဗျာ
ကိုယ် လျှောက်တဲ့ လမ်း မှန်ထင်လို့ လျှောက်နေတာပါ
အပြန်လမ်း နောက်ကျ နေတယ်ဆိုတာ
ကိုယ် မပိုင်တဲ့ အချိန်တွေမှာ အချိန်တွေကိုပဲ
ရင်းနှီး နေရလို့ နောက်ကျသွားခဲ့ရင်
တောင်းမှန်ပါတယ် မေမေ
ငွေ လမ်းခင်းမှ အဆင်ပြေ တဲ့
ခေတ်ကြီးမှာ အချိန်ဆိုတာ ငွေ ပေးဝယ်မှ
ရတယ် မေမေ.....။

မေမေ ရေ
မိဘ မေတ္တာ ဆိုတာ စိန် ရွှေ ငွေ
အဲ အရာတွေ နဲ့ ပေး ၀ယ်လို့မရတာ သား သိပါတယ်
ငွေ ပုံကြီးပေါ်မှာ အဖေနဲ့အမေကို ထား
လိုချင်တာတွေ ၀ယ်ပေး သွားချင်တာတွေ လိုက်ပို့
အဲလိုမျိုးတွေ စိတ်ကူးမိလိုက်တိုင် မျက်ရည်ကျ မိတယ်
မေမေ တကယ်လို့သာ အဲ ဥစ္စာ တွေ ရခဲ့မယ်ဆိုရင်
ဖေဖေတို့မေမေတို့ က ဇရာ ထောင်းလို့ အို နေ
ပါးရေ နားရေ တွေ ကတွန့်
အသံ တွေကတုန် ခါးတွေ ကိုင်း နေ နေခဲ့ရင်
ရင်ကျိုးမှာ ပါဗျာ

မေမေရေ
မိဘ တို့လိုချင်တဲ့ အရာ သား သိပါတယ်
ပိုက်ဆံ မရှိလည်း အမေတို့ နေနိုင်ပါတယ် သားရယ်
ရွှေ ငွေ မရှိလည်း နေနိုင်ပါတယ် သားရယ်
အမေ တို့နဲ့ အတူသာ လုပ်ကိုင်စားသောက်ကြအောင်ပါ
အမေ့သားလေး ပြန်လာရင် ကျေနပ်ပါပြီ တဲ့
သား ပြန်လာလို့ ရော့ မေမေတို့ တကယ်ပျော်မှာလား
သားသမီး တွေ အနားမှာ ရှိနေရင် ကြည်နူးနေတဲ့
မိဘ တိုင်ရဲ့ မေတ္တာ ကို နားလည်းပါတယ် မေမေ
အဆင်မပြေ မူတွေနဲ့ ပတ်ဝန်းကျင် ကြာမှာ
မျက်နှာငယ်ခဲ့ရတဲ့ နေ့ရက့် တွေဆီ ပြန်မပို့ချင်တော့ဘူး မေမေ
ကိုယ်မပိုင်တဲ့ အချိန်တွေကို ခဏလေး ရင်းပြီး
အရောက် ပြန်လာခဲ့မယ်နော် .......

ခေတ္တ အဝေးရောက်

သား ချစ်တဲ့

ဖေဖေနဲ့မေမေ

#ကောင်းလွန်ဆိုး (ရွှေဇံမြေ)

အို....ချစ်သော "မေမေ"


အို....ချစ်သော "မေမေ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။
*မေမေ" မေတ္တာညွှန်းဖွဲ့သီ
ကဗျာမမှီ၊ စာဖွဲ့မမှီပေ့မယ်
ချစ်သောသမီး "မကဗျာ" ကဗျာသီကာစပ်ဆိုပါရစေ
အို.....ချစ်သော သမီးရဲ့ "မေမေ"

*နှလုံးသွေးစက် အသက်ထပ်ကာ
လောင်းကြေးဆက်ပြီး အသက်ပေးကာ
မွေးဖွားသန့်စင် ဤလောကမ္ဘာတစ်ခွင်ဝယ်
အမေများကိုယ်စား "မေမေ" ပမာထားပြီး
ချစ်သမီးလေး......မေမေ မေတ္တာညွှန်းဆိုပါရစေ
အို.........ချစ်သော "မေမေ"

*အမေများသည် ကိုယ်ကျိုးမတွက်၊ အမြတ်မရေပဲ
သား/သမီးလေးများအပေါ် လမင်း၊နေမင်း ပမာမနှိုင်းသာပဲ
သား/သမီလေးတို့အား..မေမေ ရင်တွင်းအစိတ်ပိုင်းအဖြစ်
"နှလုံး သည်းပွတ်" မှတ်ထင်ကာရယ်
နေပူ၊ မိုးရွာ၊ ဆောင်းပမာကျလည်း
မေမေရင်ခွင် လက်ကမ်းကြိုလင့်တာ
အို....ချစ်သော "အမေများပါ"
*မိဘကျင့်ဝတ်၊ မပြတ်ကာလေ
မကောင်းမေတ္တာ၊ ကောင်းရာညွှန်လတ်
အတတ်သင်စေ၊ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင် ဖခင်မယ်တို့တာတို့ကို
ကျင်းဝတ်ငါးပါး မပျက်ပြားအောင်
ညီညွှတ်အောင်လည်းဆုံးမပေးတာအဖန်ဖန်ရယ်ပါ။

*သား/သမီးလေးများရဲ့ ဘဝကောင်းကင်အလင်းရစေဖို့
ဟောဆိုညွှန်ပြ မြတ်ဗုဒ္ဓတရား ရှေ့ဆောင်လမ်းပြပေးပြီး
ဘဝသာယာဖြောင့်ဖြူးအောင် ဘယ်အရာနဲ့ နှိုင်းဆမရတာ
"အေးချမ်းမှု့မိုးအခါခါသွန်းဖြိုးကာပေးတာ"
အို....ချစ်သောမေမေ၊ အို..ချစ်သောမေမေ၊အို.ချစ်သောမေမေ
ရင်တွင်းရေရွတ်မိတာ ကျေးဇူးအောက်မေ့တာ..
အခါခါရယ်ပါလေ အို..ချစ်မေမေ


*ကဗျာ ပန်းခင်း*

ချစ်သူတိုင်း အတွက်ချစ်သူများနေ့


ချစ်သူတိုင်း အတွက်ချစ်သူများနေ့

-ချစ်သူများနေ့ဟု သတ်မှတ်သော February-14 ရက်ကို ငယ်ရွယ်နုပျိုသော လူငယ်များကြားချစ်သူများနေ့ကို ကန့်ကွက်မယ်ဆိုရင် ကျမကို ဟားတိုက်ကောင်း ဟားတိုက်လှောင်ပြောင်ပါလိပ်မယ်။

- တစ်ကယ်တော့ ချစ်သူများနေ့က ကျွန်မတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးမှ မဟုတ်ပါဘူး။ လူသားတိုင်း လူသားတိုင်းအတွက် သေခြာတွေးတောစဉ်းစားကြည့်ပါ။ ဘာဆိုဘာမှမဆိုင်တဲ့ အထိမ်းအမှတ်တစ်ခုပါ။

-ချစ်သူဆိုတာ ကျွန်မအနေသိသလောက်နှင့် အဓိပ္ပာယ်ဖွင့် ဆိုရလျှင်- အိမ်ထောင်မပြုခင် သူစိမ်းမိန်းကလေးတစ်ဦးနှင့် ယောက်ကျားလေးတစ်ဦး တစ်ဦးကို တစ်ဦးမေတ္တာသက်ဝင် ကြည်ဖြူချစ်ခင်ကြပြီး တစ်ဦးရဲ့စိတ်သဘောကို တစ်ဦးလေ့လာနေချိန်၊ စိတ်သဘောထားခြင်းတိုက်ဆိုင်ပြီဆိုရင် ဘဝတစ်သက်စာခရီးလမ်းမှ ဆိုးအတူကောင်ဖက်လက်တွဲဖို့ ဘဝခရီးအတွက်ကြိုးစားနေချိန်ပေါ့။

- ချစ်သူနှစ်ဦး တစ်ကယ်တစ်ဦးကို တစ်ဦးစိတ်သဘောထားနား လည်းပြီး တစ်ဦးရဲ့ ကောင်းစိတ်၊ ဆိုးစိတ်ကိုသည်းခံခွှင်လွှတ်ပြင်ဆင်ပြီး သစ္စာရှိရှိ၊ တစ်ဦးအပြစ်ရှိတာလေးနားလည်
ခွှင့်လွှတ်ပြီး နေတိုင်းတစ်ဦးကို တစ်ဦးလိုအပ်ချက်၊ ခွှင့်လွှတ်နိုင်စရာလေးတွေဖြည့်တွေးနားလည်းပေးနေရင်တော့ ပျော်စရာအတိနဲ့ စိတ်ချမ်းသာပြီး နေ့တိုင်းချစ်သူများဖြစ်နေမှာ အမှန်ပါပဲ။ ။

-ချစ်သူနှစ်ဦးရဲ့ နေ့ရက်တိုင်းဟာ ချစ်သူများနေ့ပါပဲ။ အခုတော့ February- 14 ချစ်သူများနေ့ကို ရောက်တော့မယ်ဆိုရင် ကျွန်မ တူ/တူမ လေးတွေမဟုတ်ပေ့မယ်။ ခေတ်ကလေးလေးအတွက် စိတ်ပူမိတာအမှန်ပါ။ ဥပမာပေါ့- ချစ်သူများအကြောင်းပြုပြီး ချစ်သူတိုင်းလူအခွှင့်အရေးအပြည့်အသုံချပြီး မှောက်မှားနေကြတာ။ ချစ်သူများနေ့ ချစ်သူများနေ့ဆိုပြီး သမီးပျိုလေးတွေ ဦးနှောက်အမှောင်ဖုံး ချစ်သူအလိုလိုက်ဇွတ်မိုက်နေကြတော့ အချိန်တန်တော့ မျက်ရည်လည်ရွဲနှင့် ပူဆွေးရတဲ့ သမျိုးပျိုလေးတွေတွေ့မြင်နေရတာ ရင်နာမဆုံးပါပဲ။

-ဒီနေ့မနက်ကျွန်မ ရှမ်းဟင်းထုပ်စားချင်လို့ ရှမ်းဟင်းထုပ်ရောင်း တဲ့ ဆိုင်ကိုသွားခဲ့ပါတယ်။ ကျွန်မဘေးခုံမှာ ထိုင်နေကြတာ ကောင်လေး (၄) ယောက်ပါ။ ကျွန်မစားနေတုန်း သူတို့ပြောတဲ့ စကားတွေကြားရတာ လူကိုကြက်သီးထစေခဲ့တယ်။ ။ ကောင်းလေး (၄)ယောက်က သူတို့ချစ်သူအကြောင်းတွေကို တစ်ဦးကို တစ်ဦးဖောက်သည်ချပြောဆိုနေကြတာပါ။ ကျွန်မနားမထောင်ချင်ပေမယ် နားကကြားနေရတယ်။ ။

အသားဖြူဖြူရုပ်ရည်သန့်သန့်လေးကောင်လေး တစ်ယောက်ကရ"ဟေ့ကောင် သားကြီး မင်း' ချစ်သူများနေ့ရောက်ရင် မင်း'စော်နဲ့ ဘယ်လိမ်မလည်းတဲ့ နေရာရွေးပြီးပြီလားတဲ့"

ကျွန်မ' စိတ်ထဲ ဘုရားတမိလိုက်တယ်။

အဲ.တစ်ယောက်ပြန်ဖြေတယ်လေ။ အေးစေးပါတဲ့ ချိတ်ပြီးပြီတဲ့

ကျွန်မ' စိတ်ထဲ..မြတ်စွာဘုရားလို့ 'တလိုက်မိတယ်'

သူတို့လေးတွေကတော့ ပြောသင့်မပြောသင့်မသိပါဘူးပြောနေကြတာစုံလိုပါပဲ။ ။ ကျွန်မလေရင်ထဲမှာ စိတ်မကောင်းခြင်းများစွာပါပဲ။ ယောက်ျားလေးဆိုပြီး မပွန်းပဲ့ဘူး မထင်ပါနဲ့ သူတို့လေးတွေပွန်းပဲ့တာ စိတ်ဓာတ်နဲ့ သိက္ခာတရားပါပဲ။ စိတ်မကောင်းခြင်းနဲ့ပဲ ကျွန်မနုတ်ပိတ်ပြီး..ဆိုင်ကထွက်ခွာခဲ့ပါတယ်။

-အခုလိုကျွန်မရေးသားခြင်းကလည်း ဘယ်သူဘယ်သူကို ထိခိုက်စေချင်တဲ့ ဆန္ဒတစ်စုံတစ်ရာမရှိပါဘူး။
ချစ်သူများနေ့ဆိုတာ...February-14 ရက်မှမဟုတ်ပါဘူး။ တစ်ဦးကို တစ်ဦးတစ်ကယ်ချစ်မြတ်နိုးသူတိုင်းအတွက် နေရက်တိုင်း၊ နေ့တိုင်းက *ချစ်သူများနေ့*ပါပဲရှင်။ ဘဝမှာ ရည်မှန်းချက်ပန်းတိုင်းထားပြီး တစ်ဦးကို တစ်ဦးမေတ္တာစေတနာ ဖြူစင်ခြင်းနဲ့ နားပေးနိုင်သောနေ့တိုင်းဟာ *ချစ်သူတိုင်းအတွက်* ချစ်သူများနေ့လို့ ကျွန်မဥာဏ်မီသလောက်ရေးသားခြင်းဖြစ်ပါတယ်။ ကျွန်မအခုရေးသားသော "ချစ်သူတိုင်းအတွက် ချစ်သူများနေ့" ဆိုတာထဲတွင် အမှားတစ်စုံတစ်ခုပါခဲ့ရင် စေတနာအမှားလို့ ဖြည့်ပြီးနားလည်ပေးစေချင်ပါတယ်။ သိက္ခာများကို ရှေ့တန်းထားပြီး မိမိချစ်မြတ်နိုးသူအပေါ် ခွှင့်လွှတ်ချစ်နိုင်ကြပါစေရှင်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အစဉ်ထာဝရလေးစားလျှက်
*ကဗျာ ပန်းခင်*(စာပေချစ်သူ)
 
 

ရှေ့ နန်း ယဉ်


ရှေ့ နန်း ယဉ်
==========

ဆံနွယ် က နက်မှောင် ကြော့

ကျေားအလယ် ကျ တင့်တယ် လှပေတဲ့

ယဉ်ကျေး တဲ့ နှမငယ် မြင်သူ ဖြင့်

ရင်အေးစေ တဲ့ သူမရဲ့ ကိုယ်ဟန်

အချိုး သဏ္ဌာန် မှာ ပြောစရာ မရှိတာကြောင့်

ဆင်မြန်း တာ ခေတ် မဆန်

ရွှေအိုရောင် ပါး မို့မို့ နဲ့ အဆင့်လှသူ

ကိုင်ဆောင် လာ သူလက်ထက် က

ဆွမ်းအုပ် တခုရယ် နံ့သာရယ် ရေကြဲး လိမ်းတဲ့

သနပ်ခါး လေရယ် ရိုသေကာ ကိုင်းရှိုင်းတဲ့

သူ အပြုမူတွေ အတု ယူပါ လေ

မြန်မာ ဆန်တဲ့ အိနြေ္ဒမလေး ရေ

#ကောင်းလွန်ဆိုး (ရွှေဇံမြေ)
 
 

"နေ့စဉ်၊ နေ့တိုင်းကျေးဇူးမမေ့

"နေ့စဉ်၊ နေ့တိုင်းကျေးဇူးမမေ့
သတိရအောက့်မေ့လျှက်ပါ"

*မေ့နိုင်စရာမရှိလို့ ယနေ့တိုင်မမေ့နိုင်ခဲ့ဘူး
တိုတောင်းလှသော အချိန်ဘဝတွင်က
တို့ဖခင်ဗိုလ်ချုပ် အပိုအလုပ်တွေမလုပ်ပဲနဲ့....
ရှေ့ရေးကြိုတွက် ပြည်ထောင်စုစိတ်နှင့် စုစည်းတည်ထောင်ခဲ့တဲ့ မြန်မာဂုဏ်ဆောင် မီးရှုးတန်ဆောင် တို့ဗိုလ်ချုပ်ပါလေ။ ။

*တို့ဖခင်ဗိုလ်ချုပ်ကို သမိုင်းစာအုပ်ကဆွဲထုတ်လည်း
တိုင်းသူပြည်သား၊ လူအများရဲ့ အသည်းနှလုံးရတနာ
ဖြစ်တဲ့အတွက် ဆွဲထုတ်၍မရပါလေ။ ။

တို့ဗိုလ်ချုပ်စိတ်သည်ကား.......

ဝေဖန်မှု့ခံနိုင်၊ စောင့်ထိန်းတဲ့ ကိုယ်ကျင့်တရား
မလိုအပ်တဲ့ မင်းမဲ့စရိုက်၊ ခွင့်ထူးရယ်မယူ
မြောက်တိုင်းလည်းမမြောက်၊
ခြောက်တိုင်းလည်း မကြောက်ပါပဲ
ပြောသလိုနုတ်ကတိတည် ဆောင်ယောင်ပကာသနမမက်မောတဲ့..ပြတ်သားတဲ့ စနေ့သားရဲ့ နှလုံးသားရယ်က ကြီးမားမေတ္တာ ပြည့်သူအပေါ်စေတနာထား မြန်မာရာဇဝင်သမိုင်းတွင်က နေတစ်ဆူ၊ လတစ်ဆူလို အမြဲတမ်းထွန်းတောက်နေတဲ့ ပြည်သူ့ရတနာ ဗိုလ်ချုပ်အောင်ဆန်းပါလေ။

တို့ဖခင်ဗိုလ်ချုပ် စာပေနှလုံးသားကတော့ဖြင့်လေ..."ဗိုလ်လှထွန်းရေ လွတ်လပ်ရေုးကြီးရပြီးရင် ငါတော့နိုင်ငံရေးက အနားယူပြီး စာရေးဆရာလုပ်ချင်တယ်လေ။" တို့ဖခင်ဗိုလ်ချုပ်စိတ်ဓာတ် တစ်ရာမှာတစ်ယောက်မရှိသူမို့ ပြောမဆုံးအောင်ပါပဲ

ရာဇဝင်သမိုင်းဘယ်လိုပြောင်းပြောင်း
တို့ဖခင်ဗိုလ်ချုပ် ဂုဏ်ပုဒ် ဘယ်လိုဖျက်ဖျက်
ကျေးဇူးသိတတ် ပြည်သူ့ရင်ထဲ
သံမှိုစွဲသလို ရင်ထဲမပြောင်း
ကျောက်တိုင်စိုက်သလို
သူလိုလူ ဇဗ္ဗူမှာရှားသူမို့

ပြည်သူ့နှလုံးသား တို့ဖခင်ဗိုလ်ချုပ်အား နှစ်တစ်ရာတိုင်မှ မဟုတ်ပါလေ။
နေစဉ်နေ့တိုင်း ကျေးဇူးမမေ့သတိရအောက့်မေ့ဦးညွှတ်လျှက်ပါ။ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း"
93း4 pm
11.2.2015



ပေးပါ


ပေးပါ
======

ငှက် ကလေးတွေ
တေး သီသံ ကြားရင်
၈ နှစ် ၈ လသား အရွယ်ကို
အမှတ်ရမိတယ်

ဆူဆူညံညံသံတွေ ကြားရင်
၈ ၈ အရေးတော် ပုံကို
အမှတ်ရမိတယ်

ငှက် ကလေးလေး တွေကို
တေးဆိုခိုင်တယ်
ပန်း ကလေးလေး တွေကို
ပေါင်းသင် ရေလောင်းပေးတယ်

ဘာလို့ ခုထိ မဖြူစင်ကြသေးတာလည်း

လမ်းတွေ ကို သန့်စင် ပေးပါ
စိတ်ဓာတ် လေးတွေ သန့်စင် ပေးပါ
ကျေး ရွာ လေးတွေ သန့်စင် ပေးပါ

ပေးပါ ပေးပါ ပေးပါ လို့
အော်နေတာလဲ အကြိမ်ရေ တွေထဲ့မှာ
ပေးဆပ်သွားတဲ့ ချွေးနဲ့သွေးတွေ
ခုထိ ငှက်ကလေးတေးဆို မတတ်သေးဘူး
ပန်း တွေတော့ ညှိုးနွမ်း နေပီ

#ကောင်းလွန်ဆိုး (ရွှေဇံမြေ)

ပေးဆပ် မူ့ "ပေးအပ်မူ့ "

ပေးဆပ် မူ့ "ပေးအပ်မူ့ "
================

ပေးဆပ် မူ့ထက် ပေးအပ်မူ့ တို့
ပြန်မရတာ သိလိုက်တဲ့အခါ
အလိုလို ၀မ်းနည်း လာတယ်
ဘာမှ မျှော်လင့် ချက်မှမထားဘဲ
ပေးအပ်ထားရယ် ဆိုပေမယ့်
ဖြူစင်ခြင်းလေးတော့ ရောင်ပြန်ဟပ်
မယ်လို့ ထင်ခဲ့မိတာ အခုတော့
အလိုက်မသိစွာနဲ့ နေလိုက်မိပြီ
လောင်မြိုက် ရတာ ဒီလူ ပါ
ကြုံကြိုက်တဲ့ အခါ ၀င်လာလိုက်ပါ
ကြိုသူ မရှိ မြို့ဝင် ၀ မှာ
ည က မှောင်မိုက် လို့ နေလား
သံဝေဃ တွေ ခဏ ဘယ်ထားပါ
ပျော်ရွင်ခြင်းတွေ ပေးမလို့
လာ လမ်းမသာပေမယ့် ပြန်လမ်းတို့
ပန်းခင်း အလွမ်တို့ အကာရံ
လိုတာရှိရင် အသဲ နှင်လို့
ပေးအပ်ပါမယ်

#ကောင်းလွန်ဆိုး (ရွှေဇံမြေ )

2/14/15

ဆင်ခြင်မိသော...နှလုံးသား

ဆင်ခြင်မိသော...နှလုံးသား
*ထောက်ထားမညှာ
ဝေဒနာများက ဖန်ဖန်နိုပ်စက်
ဖိစီးဝေဒနာ မသက်သာသည့်
အနာစွယ်တိုး အနေဆိုး၍
လူနာများကို မြင်ရတာဖြင့်
ဆင်ခြင်စိတ်က အနိစ္စ၊ ဒုက္ခ၊ အနတ္တပါတကား။

*ထုံသင်းရနံ့ မွှေးပျံ့မရှိ
ပူဆွေးသောက ညည်းညူသံနှင့်
တထောင်းထောင်းထ ဆေးရနံ့တို့ကို
ရှုရှိုက်မိလာ ဂရုဏာဖြင့်
ဆင်ခြင်စိတ်က အနိစ္စ၊ ဒုက္ခ၊ အနတ္တပါတကား။
*အိုနာသေးဘေး သံသရာဝဋ်ဆင်းရဲက
မပြေးကြံမ္မာ ဖန်လာလျှင်ဖြင့်
အသေမဦးခင် ဥာဏ်ဦးအောင်ပင်
ဆင်ခြင်စိတ်က အခါခါရောက်ခဲ့ပြီလေ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*

2/13/15

ဗိုလ်ချုပ် စကား ………

ဗိုလ်ချုပ် စကား ………
""ဟေ့ကောင် ကျော်စိန်
ဟိုမှာ ……
ပုလိပ်တွေ လက်ပြနေပြီ မောင်းကွ
တော်ကြာ လာဖမ်းနေဦးမယ်""
""ဗိုလ်ချုပ် တစ်ယောက်လုံးပါနေတာ
ဖမ်းစရာလား ဗိုလ်ချုပ်ရယ်""
""ဟေ့ကောင်
ငါက ငါ
ဥပဒေက ဥပဒေကွ""
""စက်ရပ်သွားပြီ ဗိုလ်ချုပ်""
""ဟေ့ကောင် ထွန်းလှ ဆင်း ……
ဒို့ နှစ်ယောက် ကားတွန်းရအောင် ""

""မမကြည်
ဂျူတီချိန်းရအောင်
ဗိုလ်ချုပ်ကို သမီးကြောက်တယ်""
""ရပါတယ်ကွယ်
ဗိုလ်ချုပ်ကို
မမကြည် ကြည့်လိုက်ပါ့မယ်""
""အကိုကြီး(ဦးဘဝင်း)
မခင်ကြည်ဆိုတဲ့ သူနာပြုဆရာမကို
ကျုပ်က ချစ်တယ်လို့
လက်ထပ်ချင်တယ်လို့
ခု မြန်မြန်သွားပြောဗျာ
အချိန် မရှိဘူး
ကျုပ်မှာ အလုပ်တွေ ရှိသေးတယ်""
""ကြည် ……
အိမ်က ရဲဘော်တွေကို
ဈေးခြင်းတောင်း မဆွဲခိုင်းပါနဲ့
သူတို့က နိုင်ငံတော်အတွက်ကွ……""
""ရွှေဒင်္ဂါးကို နင် လိုရာသုံးဖို့
ငါ လာလှူတာ…ဝေ့ ဗိုလ်ချုပ်""
""ထားခဲ့ပါ ရှမ်းကြီးရယ်
မနက်ကျတော့ ဖဆပလကို
ကျုပ် ပို့ပေးပါ့မယ်""
""မမကြည်
အိမ်မှာ ဆန် ဆီ ပြတ်သွားရင်
ကျနော်ကို ပြောနော်""
""လာကန်တော့လို့ လက်ခံရင်
မင်းကို အရင် ထောင်ချပစ်မယ်လို့
ဗိုလ်ချုပ်က ကျနော်ကို ကြိမ်းထားတယ်""
""စိတ်ချပါ ဗိုလ်ထွန်းလှရယ်……
အဲ့ဒီလို ရှိလို့လား
ကန်တော့တယ်ဆိုတာ
လက်အုပ်ချီပြီး"သြကာသ"ဆိုတာ
မဟုတ်ဘူးလား……""
""ကျနော် စစ်ထဲဝင်ချင်တယ်""
""မင်း နာမည်""
""ဝင်းတင်(ဟံသာဝတီဦးဝင်းတင်)""
""ဘယ်နှစ်တန်းလဲ""
""၇-တန်း""
""ငယ်သေးတယ် ပညာဆက်သင်""
""တပ်ထဲမဝင်နဲ့
ပညာတတ်အောင် ဆက်သင်""
""ဟေ့ကောင် ထွန်းလှ
ဗိုက်ဆာတယ်ကွ
မနက်ကလည်း ဘဲဥဟင်းဆိုတော့
ထမင်းစား မကောင်းဘူး""
""လကုန်ခါနီးဆိုတော့ ဒီလိုပဲပေါ့"
""ဆိတ်သားခပတ် စားချင်တယ်ကွာ""
""မင်းမှာ ပိုက်ဆံပါလား""
""လွတ်လပ်ရေးရရင်တော့
ခြံလေးစိုက်ပြီး
စာပဲရေးချင်နေတာဗျာ""
""မင်္ဂလာဒုံက ခြံလေးတော့ ကြိုက်သား""
""ကျပ်ငါးထောင်ဆိုတော့ မတတ်နိုင်ဘူး""
""ခြံ မရှိရင်နေ
ကလေးတွေကိုတော့
ကျောင်းကောင်းကောင်းထားချင်တယ်ဗျာ""
""အငယ်ဆုံး သမီးလေးကို
နားကပ်လေးတစ်ရံ ခမည်းပေးဖို့
နတ်မောက်က အမေဆီ
ပိုက်ဆံ လှမ်းမှာထားရတယ်""
""အေးဗျာ ……
အလုပ်ကရှုပ် ငွေက မရှိပါဘူးဆိုမှ
ကလေးကလည်း မွေးလိုက်တာ
တစ်နှစ် တစ်ယောက်ပဲဗျို့ … ဟား ဟား""

ချစ်သူတို့ဖတ်ဖို့

ချစ်သူတို့ဖတ်ဖို့
===========
၁ -
တခါက ရေငတ်လို့သေအံ့ဆဲဆဲဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ရှေ့ကို
ရေဘူးအပိုနဲ့ကောင်မလေးတစ်ယောက် ရောက်လာတယ်
ကောင်လေးက နောက်ဆုံးအားနဲ့အားယူပြီးစကားပြောတယ်
" ငါ့ကို ရေမျှပါ
နင့်အပါးမှာ တသက်တာ နင်စေလိုရာစောင့်ရှောက်ပေးပါ့မယ် "
ကောင်မလေးက ကြည့်တယ်
သဘောကျတယ် ဒါပေမဲ့ မိန်းကလေးမို့ချက်ချင်းမတိုက်ပဲ
ခြေငါးလှမ်းလှမ်းလိုက်တယ် ပြီးမှ နောက်ပြန်လှည့်ပြီး ရေဘူးဖွင့်ပေးတယ်
ဒါပေမဲ့ ကောင်လေးကသေသွားပြီ
၂ -
ချစ်သူ၂ယောက် စိတ်ကောက်ကြတယ်
ကောင်လေးကို ကောင်မလေးကပြောတယ်
" နင်မရှိမှ ငါ့တကယ်ပျော်ရွှင်မှာတဲ့ "
နောက်ရက်မှာ ကောင်လေးပျောက်သွားတယ်
ပျော်ရွှင်မှုကို ၂ယောက်လုံးပျောက်ဆုံးခံလိုက်ရတယ်
၃ -
ကောင်လေးက ကောင်မလေးကိုမေးတယ်
" ငါ့ကို ချစ်လား "လို့
ကောင်မလေးက အမြဲပြုံးပြတယ် ( မဖြေဘူး )
ချစ်တယ်လို့အမြဲပြောရင် ကောင်လေးရိုးသွားလိမ့်မယ်လို့သူတွေးတယ်
ကောင်လေးဘက်ကလည်း သူဘာလို့မဖြေသလဲကို နားမလည်နိုင်ခဲ့ဘူး
ဒီလိုနဲ့ သံသယတွေများလာတယ်
သူတို့လမ်းခွဲတဲ့အခါ ကောင်မလေးရင်ထဲမှာ စကားလုံးတွေကျန်ခဲ့တယ်
သူ အရမ်းချစ်ပါတယ်ဆိုတာကို ပြောခွင့်မရတော့ဘူး
၎ -
တခါက ကောင်လေးက ကောင်မလေးကို ပြောတယ်
ယောက်ျားဆယ်ယောက်မှာ ကိုးယောက်ကလိမ်နေတာမို့ ငါ့ကိုမယုံပါနဲ့တဲ့
ကောင်မလေးကပြန်ပြောတယ်
ကျန်တဲ့တစ်ယောက်က ကောင်လေးဖြစ်မယ်လို့ ယုံကြည်တယ် လို့ ပြန်ပြောရင်း
ပွေ့ဖက်လိုက်တယ်
၅ -
ကောင်မလေးက ကောင်လေးကို နံဖူးလေးပဲနမ်းဖို့ပြောတယ်
ကောင်လေးက နူတ်ခမ်းလေးနမ်းလိုတယ်
နှစ်ယောက်စလုံးမလျော့ခဲ့တော့
ဒီလိုနဲ့ သူတို့ပြတ်ဆဲသွားကြတယ်
ပြတ်ဆဲပြီးနောက်ပိုင်းမှာ ကောင်လေးလိုချင်လာတာ
နူတ်ခမ်းပေါ်က အနမ်းလေးလည်းမဟုတ်ဘူး
နံဖူးပေါ်က အနမ်းလေးလည်းမဟုတ်ဘူး
ကောင်မလေးအားငယ်တဲ့အခါ သူ့ပုခုံးလေးပေးမှီပေးခွင့်လေးပဲ . . . ။
၆ -
ဘာလို့ချစ်တာလဲလို့ ကောင်လေးကို ကောင်မလေးက အမြဲမေးတယ်
ကောင်လေးကစဉ်းစားပေမဲ့ အဖြေအတိအကျမထွက်လာဘူး
အမျိုးမျိုးဖြေတယ် ဒါပေမဲ့အတိအကျအပြည့်အစုံမဟုတ်ဘူး
မေးခံရတာများလာတော့ ကောင်လေးစိတ်ညစ်လာတယ်
လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တယ်
တကယ်တော့ သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတယ်
၇ -
ကောင်မလေးကပြောတယ် ငါ့ကိုချော့ပါတဲ့
ကောင်လေးကအမြဲချော့တယ်
အမြဲချော့တော့ အမြဲကောက်တယ်
တစ်နေ့ကောင်လေးအကြောင်းအမျိုးမျိုးကြောင့်စိတ်ညစ်နေတယ်
ကောင်မလေးက ထ'ကောက်တယ်
ကောင်လေးစိတ်ညစ်သွားတယ်
ဒီလိုနဲ့ စိတ်ပျက်သွားတယ်
အချစ်ဆိုတာ တစ်ဦးတည်းအတွက် ပေးဆပ်ဖို့မဟုတ်တာတော့ကျိန်းသေတယ်
၈ -
ကောင်မလေးက ရစ်တယ်
ရည်းစားဟောင်းနဲ့အကြောင်းအမြဲစွတ်စွဲတယ်
ကောင်လေးကရှင်းပြတယ်
အမှန်သိပေမဲ့ ရစ်ချင်တဲ့စိတ်လေးကြောင့် ထပ်ရစ်တယ်
သိက္ခာကိုစော်ကားနေသလိုဖြစ်တယ်ဆိုတာကို သူမတွေးမိဘူး
ဒီလိုနဲ့ သူတို့လမ်းခွဲပြတ်သွားကြတယ် ။
မချစ်ခဲ့လို့တော့ မဟုတ်ခဲ့ဘူး ။
၉ -
ကောင်လေးမှာ ကောင်မလေးမကြိုက်တဲ့အချက်တွေအများကြီးရှိတယ်
ကောင်မလေးမှာလည်း ကောင်လေးမကြိုက်တဲ့အချက်တွေအများကြီးပဲ
ကောင်လေးက သူ့ပုံစံအတိုင်းဖြစ်လာဖို့သိမ်းသွင်းတယ်
ကောင်မလေးကလည်း သူ့ပုံစံအတိုင်းဖြစ်လာဖို့သိမ်းသွင်းတယ်
ကိုယ်ဘက်ကလျော့ပေးပြီး ညှိနိုင်းဖို့မတွေးမိခဲ့ကြဘူး
ဒီလိုနဲ့ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြတယ်
သူတို့ကျ ချစ်သူထက် ကိုယ့်ကိုယ်ကိုယ်ပိုချစ်ခဲ့ကြတယ် ။
၁၀ -
ကောင်မလေးကလူရှင်းတဲ့နေရာမှာပဲ တွေ့ချင်တယ်
မိန်းကလေးသိက္ခာကြောင့်
ကောင်လေးက လူများတဲ့နေရာတွေသွားချင်တယ်
ဒါချစ်သူလို့ တစ်လောကလုံးကိုပြောပြချင်တဲ့စိတ်ကြောင့်
ကောင်လေးက ကောင်မလေးကို သူ့အတွက်နဲ့ တစ်လောကလုံးကို ရင်ဆိုင်ရဲတဲ့သတ္တိရှိစေချင်တယ်
ကောင်မလေးက ကောင်လေးကိုသူ့ကိုနားလည်မပေးနိုင်လို့ စိတ်ညစ်လာတယ်
ချစ်သူတွေမှာနားလည်မှုက အရေးကြီးပါတယ် ။
=====
နိဂုံး
ချစ်လျက်နဲ့ လမ်းခွဲကြတာ
တကယ်ဆိုးလွန်းတဲ့ ကိစ္စပါ
သူချစ် ၊ ကိုယ်ချစ်ဆိုတာ တစ်သက်လုံးမှာတစ်ခါလောက်ပဲပေါက်တဲ့ ကံစမ်းမဲမျိုးပါ
ဆုံးရှုံးပြီးမှ ချစ်တတ်လာလို့လည်းမထူးပါဘူး
အချစ်က နူးညံ့ပါတယ်
အနုပညာဆန်ပါတယ်
သိမ်မွေ့ပါတယ်
လှပပါတယ်
စိတ်ကူးနဲ့ဆွဲတဲ့ ပန်းချီတစ်ချပ်ဆိုပေမဲ့ ဆေးသားတွေကလှပတယ်
အတွေးနဲ့စိုက်တဲ့ ဥယျာဉ်ဆိုပေမဲ့ ရနံ့တွေကမွှေးပျံ့တယ်
ရမှတ်က ၁၀၀ ပေးထားတာပါ
အောင်ရုံလောက်လေးဆိုရင်တောင်မဆိုးပါဘူး
ကဗျာ ၊ အနုပညာနဲ့ အချစ်ဆိုတာ ရိုးသားဖို့လိုတယ် . . . ။
တွဲထားတဲ့ လက်တွေတန်ဖိုးသိပြီး
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိပါစေ . . . ။ ။

ရှုံးခဲ့ပြီ~~

ရှုံးခဲ့ပြီ~~~
လှည့်စားမှု့ မာယာကြွယ်
နတ်မိမယ်အပြုံး
သူယောင်မယ် နှလုံးသားနဲ့
မာယာကွန်ကယက်တွေကြား
ပြုစားမှု့ အခါခါရယ်မို့
နှလုံးသားလေး ရှုံးခဲ့ပြီလေ။ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*

ကဗျာ

ကဗျာ
သူ့ရဲ့နှုတ်ခမ်းဓားသွားတွေအောက်
ငါ့နှလုံးသားဟာ အစိတ်စိတ်အမွမွ
ကဗျာတစ်ပုဒ်ဟာ ဘယ်လောက်အရေးပါလဲတဲ့
ကဗျာတွေကိုလောင်းကြေးထပ်ရအောင်
ကဗျာဆိုတာ ဂိမ်းတစ်ခုမဟုတ်ဘူး သူငယ်ချင်း
ကဗျာဆိုတာငါ့နှလုံးသားရဲ့ခံစားမှု
ကဗျာဟာငါ့ဘဝရဲ့အရိပ်
ကဗျာတစ်ပုဒ်အပေါ် ရလိုမှုတွေနဲ့
ငါ ကဗျာတွေရေးနေတာမဟုတ်ဘူး
ကဗျာတစ်ပုဒ်အတွက် အိပ်ရေးပျက်ချင်ပျက်မယ်
အရူးတစ်ယောက်လိုရူးသွပ်ချင်ရူးသွပ်မယ်
အိပ်မက်တွေမက်ချင်မက်မယ်
ကဗျာတွေအပေါ်မလှည့်စားဘူး
မရိုးမသားမလုပ်ဖူးဘူး
ကဗျာတွေကိုငါချစ်တယ် မြတ်နိုးတယ်
ငါ့အနားမှာဘယ်သူမှမရှိရင်နေ
ဘယ်သူမှမရှိတော့ရင်တောင်
ကဗျာတွေနားမှာငါရှိတယ်
ငါ့အနားမှာကဗျာတွေရှိတယ် ။ ။
ဝေဝေ

အဝေးဆီ..အဝေးဆီ

အဝေးဆီ..အဝေးဆီ~~~
*အဝေးဆီ၊ အဝေးဆီ~~~
ငါ" ပျံသန်းဖို့ အတောင်ကိုဖြန့် လေနှင်ရာကိုပေါ့။ ။
*ချည်နှောင်ထားတဲ့ မြစ်တစ်စင်းရဲ့
သံယောဇဉ်ကြိုးကိုဖြတ်ခါပေါ့။
မေတ္တာတရားဆဲလည်းသံလည်း သာယာနေပါတယ်။ ။
အတွေး 'ကဗျာ' များလည်းချိုမြိန်လို့ တစ်ခါတစ်ခါတစ်စိမ်းတရံ ကြား အထီးကျန်သမားဘဝနဲ့ပေါ့။ ။
*ကျယ်ပြောမြင့်မားလှတဲ့ သြကာသလောကကြီးထဲ
ငါ"ဟာ ရာဇဘုရင်မတစ်ပါးမဟုတ်ပါဘူး................
"အညတရကဗျာသည်ပါ'
စာစီကာ၊ ကဗျာညီအောင်မရေးတတ်ပေ့မယ်
ငါ"ကဗျာတွေကိုသီကျူးဆဲပါ။ ။
*ဒါပေ့မယ်..................ငါ" ဝိညဉ်ကိုအသက်သွင်းဆဲပါ
မှော်ဆန်တဲ့ ပြတင်းတံခါးကို ငါဖွင့်ရင်းပေါ့။ ။
တစ်ခါ တစ်ခါတော့လည်း ငါ" စိတ်ဝိညဉ်လေးများ
ချုပ်ငြိမ်းသွား မလားလို့ စိုးထိတ်မိပြန်တယ်။ ။
ဒါပေ့မယ်..ငါ" အဝေးဆီကို..အဝေးဆီကို ခရီးနှင်ဆဲပါ........
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*